“Home School “ ကတော့ စာသင်နှစ်တစ်နှစ်စာကို ဘတ်တစ်သန်းပေးရတဲ့ ကြေးမြင့် ဘော်ဒါကျောင်းတစ်ခုဖြစ်ပြီး လူချမ်းသာအများစု အလုအယက် ကလေးတွေကို ထားချင်ကြတဲ့ ကျောင်းတစ်ခုပဲ ဖြစ်ပါတယ်မတူညီတဲ့သင်ရိုးပုံစံတွေနဲ့ သင်ကြားပြီး ဝင်ခွင့်စာမေးပွဲကအစ အုပ်ထိန်းသူတွေပဲဖြေရတဲ့ ထူးခြားတဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်Gen 1 ကနေ စခဲ့တဲ့ “Home School “ ကတော့ Gen 6 ကျောင်းသားတွေအဖြစ် ပညာသင်ဆုနဲ့ ဝင်လာခဲ့တဲ့ ကျောင်းသား ၂ယောက်အပါအဝင် ၁၃ ယောက် လက်ခံခဲ့ပါတယ်“Home school” ရဲ့ Gen 6 ကျောင်းသား ၁၃ ယောက်လုံးကို ဆေးခတ်ပြီး တောအုပ်အလယ်က ကျောင်းကြီးဆီ ခေါ်သွားခဲ့ပြီးနောက်မှာတော့ ကျောင်းက သူတို့ထင်ထားတာနဲ့ မတူနေတာကို သိခဲ့ရပါတယ်ဆရာတွေကို မာစတာခေါ်ရင်း မာစတာတွေရဲ့ ဂိမ်းတွေ စည်းမျဉ်းတွေကြားက ထောင်နဲ့တူနေတဲ့ ကျောင်းတော်ကြီးကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလားGen 4 ကျောင်းသားတစ်ဦးဖြစ်တဲ့ အစ်ကိုဖြစ်သူ ရန့်ကို ရှာဖွေဖို့ scholarship နဲ့ ဝင်လာခဲ့တဲ့ မာကီကရော သူ့အစ်ကိုကို ပြန်တွေ့နိုင်ပါ့မလား“Home school”ရဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ထိတ်လန့်စရာ အမှန်တရားတွေကိုရော သူတို့ ၁၃ယောက် ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်