ငယ်စဥ်တည်းက အများနဲ့မတူဘဲ တမူထူးခြားစွာ အလိမ်အညာတွေကို ခွဲခြားသိမြင်နိုင်တဲ့အကြားအာရုံကြောင့်မိုဆိုဟီးဟာ မိမိဘဝကိုစိတ်ပျက်စွာဖြတ်သန်းခဲ့ရပါတယ်။သူမဟာတားရော့ဟောခန်းဖွင့်ကာနေထိုင်ဖြတ်သန်းနေရင်း တစ်ရက်မှာ ဂင်ဒိုဟာဆိုတဲ့ပုန်းလျှိုးကွယ်လျှိုးနေထိုင်ဖြတ်သန်းနေရတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံလာရပါတော့တယ်။တစ်ဖက်တွင်လည်း ဂင်ဒိုဟာက လွန်ခဲ့တဲ့ငါးနှစ်ခန့်ကသီချင်းပရိုဂျူဆာတစ်ယောက်ဖြစ်ပြီးမတော်တဆမှုတစ်ခုတွင်းသံသဃဝင်ခံရတာကြောင့် သတင်းအစအနဖျောက်ရင်းရုပ်ဖျက်ကာပုန်းနေသူပါ။ဘယ်သူ့ကိုမှမယုံကြည်ခဲ့တဲ့ ဆိုဟီးတစ်ယောက် ဒိုဟာက တကယ့်တရားခံအစစ်မဟုတ်မှန်းသိနေသောအခါနှစ်ယောက်သား အမှန်တရားကိုဘယ်လိုရှာဖွေသက်သေပြကြမလဲ ဘယ်လိုကိစ္စတွေရှိခဲ့လဲဆိုတဲ့ပဟေဋိလေးများသာမကသံယောဇဥ်တွယ်လာကြပုံ ချစ်ကျွမ်းဝင်လာကြပုံလေးများကိုစောင့်မျှော်ကြည့်ရူရမှာဖြစ်ပါတယ်။မိုဆိုဟီးအဖြစ် ကေဒရမ်မာပရိတ်သတ်များသိကြတဲ့ ချစ်စရာမင်းသမီးလေး Kim Sohyun ၊ဂင်ဒိုဟာအဖြစ်နဲ့ Alchemy of soulsမှာသခင်လေးဆောလ်ယူဖြစ်တဲ့ Hwang Minhyunတို့နှင့်အတူတခြားနာမည်ကြီးမင်းသားမင်းသမီးများပါဝင်ထားကြတဲ့အချစ်ဟာသဇာတ်လမ်းလေးမို့ လက်မလွှတ်သင့်တမ်းကြည့်ရူခံစားသင့်ပါတယ်နော်။