ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ရှိုးလေးက”Nineteen to Twenty ”ဆိုတဲ့၁၈နှစ်ဆယ်ကျော်သက်ကနေ အသက်၂၀ ပြည့်ပြီးတရားဝင်အရွယ်ရောက်တဲ့သူတွေဖြစ်ကြတော့မယ့်အထက်တန်းကျောင်းသား/သူလေးတွေ၁၂ယောက်ကို”19 School”ဆိုတဲ့ကျောင်းမှာအရွယ်ရောက်လာရင်တတ်သင့်တဲ့ သင်ခန်းစာတွေကိုသင်ပေးမှာပါအသက်ပြည့်တဲ့သူဖြစ်လာတဲ့ခံစားချက်နဲ့အသက်ပြည့်တဲ့သူဖြစ်ဖြစ်ချင်းဘာလုပ်ချင်လဲဆိုတာတွေကိုကြည့်ရှုရမှာပါဒီကျောင်းရဲ့စည်းမျဥ်းကတော့တစ်ခုတည်းပါပဲ”ရည်းစားမထားရဘူး”ဆိုတဲ့စည်းမျဥ်းပါ။ရုပ်ချောပြီး ချစ်စရာကောင်းတဲ့သူတွေချည်း နေတဲ့ကျောင်းမှာ သူတို့ရဲ့တစ်ခုတည်းသောကျောင်းစည်းကမ်းကိုလိုက်နာနိုင်ပါ့မလား ဆိုတာကြည့်လိုက်ကြရအောင်နော်..ဒါကကိုယ့်ရဲ့အထက်တန်းကျောင်းသားဘဝကအမှတ်တရတွေကို ပြန်ပြီးသတိရစေမယ့်ရှိုးလေးတစ်ခုလည်းဖြစ်ပါတယ်(ကိုရီးယားအသက်ကနိုင်ငံတကာထက်အသက်၂နှစ်ပိုပြီးတွက်ထားလို့ ၂၀ မှအသက်ပြည့်တယ်လို့ယူဆတာပါသူတို့ဆီမှာအသက် ၂၀ ဆိုတာ မြန်မာနိုင်ငံက ၁၈ နှစ်နဲ့ ညီမျှပါတယ်။)