ဇာတ်လမ်းအကျဉ်းကိုတော့ အစအဆုံး ကိုယ့်ဘာသာပဲ ခံစားပြီး ကြည့်နိုင်အောင် မပြောတော့ပါဘူး။ ပြီးတော့ Cruel Summer ကို နောက်ထပ် အကြိုက်တွေ့တဲ့အချက်က မင်းသမီးတွေကိုဇွတ်ဇာတ်နာအောင် လုပ်ပြမထားပါဘူး သဘောလောက်ပဲ ပြထားပြီး ဇာတ်လမ်းကို အရှိန်မကျအောင် ဆွဲခေါ်သွားပါတယ်။ လူ့အဖွဲ့အစည်းကဘာဖြစ်တယ် ညာဖြစ်တယ် သားသမီးတွေနဲ့ မိဘတွေကြားမှာဘယ်လိုဘယ်ညာ အဲဒီလိုမက်ဆေ့တွေကို အော်ပရေတာတွေက မက်ဆေ့ပေးသလို မက်ဆေ့တွေ တစ်ပြုံတစ်ခေါင်းကြီး မပေးတာလည်း ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ပြောချင်ပါတယ်။လူတွေကလူတွေပဲမဟုတ်လား…ဒီဇာတ်လမ်းမှာတော့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ပုံမှန်ဆယ်ကျော်သက်ပြဿနာထက်ပိုတဲ့ ပြဿနာတွေ ကြုံတွေ့ရတဲ့အကြောင်းကို တစ်ပိုင်းပြီးသွားတိုင်း တစ်ခန်းပြီးသွားတိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်ရင်း စိတ်ခုန်ရင်း အရင်ကအတိုင်း ကြည့်ရမှာပါ။