Young Blood 大宋少年志 FHD

Young Blood 大宋少年志

Mystery FHD 2019-06-03 6.8

တာ့စုန့်တိုင်းပြည်ကြီးက လူငယ်လေးတွေရဲ့စွန့်စားခန်းဇာတ်လမ်းလေးဖြစ်တဲ့ သိုင်းကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ချင့်လိဘုရင်လက်ထပ် စုန့်တိုင်းပြည်မှာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်လူငယ်လေးတွေကိုလေ့ကျင့်ပြီးလျို့ဝှက်အဖွဲ့ဖွဲ့စည်းခဲ့တယ်။ယွမ်ကျုံ့ရှင်း၊ ကျောက်ကျန်း၊ ဝမ်ခွမ်း၊ ရှောင်ကျင်း၊ ရှဲရင်းနဲ့ဝေ့ယွမ်တို့(၆)ယောက်ဟာအဖွဲ့လေးတစ်ခုဖြစ်လာခဲ့တယ်။သူတို့(၆)ယောက်ဟာ စိတ်တူကိုယ်တူနဲ့ အခက်အခဲတွေအမျိုးမျိုးကျော်ဖြတ်ပြီး ရင့်ကျက်လာခဲ့ကြတယ်။စုန့်၊ရှတိုင်းပြည်နှစ်ပြည်ရဲ့ စစ်ပြေငြိမ်းရေးအောင်မြင်ဖို့ရာရှအိမ်ရှေ့မင်းသားကိုကူညီဖို့တာဝန်ဟာသူတို့ကိုယ်ပေါ်ကျရောက်လာခဲ့ပါတယ်။တာဝန်အရ သူတို့(၆)ယောက်သား ရှတိုင်းပြည်ကိုခရီးထွက်လာခဲ့ကြတယ်။သူတို့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ……စစ်ပြေငြိမ်းရေးဆွေးနွေးခြင်းရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကရောဘာတွေဖြစ်နေမလဲ……လူငယ်လေး(၆)ယောက်ရဲ့စွန့်စားခန်းလေးကိုဆက်ပြီးစောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်……