Moving 무빙 FHD

Moving 무빙

အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ အီမီဟျွန်း၊ ဂျွန်ဂဲဒို၊ အီဂျယ်မန်တို့က မျိုးရိုးလိုက်ပြီးစွမ်းအားတွေနဲ့မွေးဖွားလာကြတဲ့ သူတို့ရဲ့ကလေးတွေကို ရန်သူတွေရဲ့လက်ကနေကာကွယ်ဖို့အထက်တန်းကျောင်းတစ်ခုမှာ သူများနည်းတူ ပုံမှန်လိုပဲ ကျောင်းတက်ခိုင်းပြီး ဖွက်ထားပါတော့တယ်။ဒါပေမဲ့ သူတို့ရဲ့စွမ်းအားတွေကို အသုံးချချင်နေတဲ့သူတွေ ပေါ်လာပြီး ကလေးတွေကို လိုက်ရှာကြတဲ့အခါမှာတော့….သူတို့ရဲ့ သားသမီးတွေကရော သူတို့ရဲ့ သဘာဝလွန်စွမ်းအားတွေကို လူတွေမသိအောင် ဘယ်လိုမျိုးဖုံးကွယ်​နေကြမလဲ…။မိဘတွေကရော သူတို့ကလေးတွေကို ဘယ်လိုမျိုး ကြိုးစားကာကွယ်ကြမလဲ…ဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာဖြစ်ပြီး သဘာဝလွန်အက်ရှင်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​အတွက်တော့လုံးဝအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။