ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomezပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။(၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင်မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး….အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 အစမှာကတည်းက စုံထောက်ကြီး3 ယောက် ပျားတုပ်ရင်း ဇာတ်လမ်းကို စထားပါတယ်။ ပြဿနာကတော့ စီစန် 1 မှာမြင်ခဲ့ရတဲ့အတိုင်း သူတို့တိုက်က ဘုတ်အဖွဲ့ခေါင်းဆောင် ဘန်နီတစ်ယောက်မေဘယ့်လက်ထဲမှာ သေဆုံးသွားခြင်းပါ။ ဒီတော့ စီစန် 1 မှာ လူဆိုးဖမ်းခဲ့သူတွေဟာစီစန် 2 မှာ လူဆိုးလို့ အစွပ်စွဲခံနေကြရပါပြီ။ ဘာတွေ ဆက်ဖြစ်လာမလဲကတော့