တိမ်စလေး ရှန်ယွင်ဟာ ဖူးစာရေးနတ်ကြောင့် နတ်ဖြစ်လာပြီးဖူးစာရေးနတ်ဆောင်မှာ အလုပ်လုပ်ရပါတယ်။ချုးခုန်းဟာ မောင်ရစ်ကြယ်နတ်မင်းရဲ့တပည့်ဖြစ်ပြီးချီလင်နတ်မျိုးနွယ်ရဲ့ ဒုတိယမင်းသားဖြစ်ပါတယ်။ဖူးစာရေးနတ်ဆောင်ကိုဝင်ရောက်ပြီးအမှားလုပ်မိခဲ့တဲ့အတွက်ရှန်ယွင်နဲ့အတူ (၇)ဘဝတာ အချစ်ဒုက္ခတွေကိုခံယူဖို့ဖြစ်လာပါတယ်။အတိတ်မေ့ဆေးရေသောက်ခဲ့လို့ အတိတ်ကိုမမှတ်မိပေမယ့်ဘဝဆက်တိုင်းမှာ ရှန်ယွင်နဲ့တွေ့ပြီး သူ့ကိုချစ်မိပါတယ်။ရှန်ယွင်နဲ့ ချူးခုန်ဟာ (၇)ဘဝဆက်တိုက်ဘယ်လိုအချစ်ဒုက္ခတွေနဲ့ကြုံတွေ့ကြရမလဲနတ်ကားတို့ထုံးစံအတိုင်း ဘယ်လိုအချိုတွေကျွေးပြီးဘယ်လိုငိုအောင်လုပ်မလဲဆိုတာဆိုတာကို အတူခံစားလိုက်ရအောင်နော်