ဒီတစ်ခေါက်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ “Commando”ဆိုတဲ့ အိန္ဒိယစီးရီးလေးဖြစ်ပါတယ် အက်ရှင်ခန်းတွေနဲ့ ဇာတ်ကြမ်းကားကောင်းကောင်းကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့စီးရီးလေးပါ ဗီရတ်ဆင်းဂ်နဲ့ ရှီတီတို့ဟာ တစ်ဖွဲ့တည်းသားချင်း သူငယ်ချင်းတွေဖြစ်ပြီးတော့ တစ်နေ့မှာ ရှီတီက ပါကစ္စတန်ကို မစ်ရှင်ထမ်းဆောင်ဖို့သွားရင်း အိန္ဒိယနိုင်ငံကိုအန္တရာယ်များတဲ့ဗိုင်းရပ်စ်ပိုးတစ်ခုဖြစ်တဲ့ဇီဝလက်နက်နဲ့တိုက်ခိုက်ဖို့ လုပ်နေတာကိုသိခဲ့ရပါတယ် ဒါကိုမဖြစ်ဖြစ်တဲ့နည်းနဲ့တားဖို့အတွက် ရှီတီဟာ အိန္ဒိယမှာရှိနေတဲ့ ဗီရတ်ကိုဆက်သွယ်ခဲ့တာပေါ့ ကံကောင်းထောက်မစွာနဲ့ပဲ ဗိုင်းရပ်စ်တိုက်ခိုက်မှုကို အချိန်မီတားနိုင်လိုက်ပေမယ့် ရှီတီကတော့ ရန်သူ့နယ်မြေထဲမှာ ဖမ်းဆီးခံလိုက်ရပါတယ် ဒါကြောင့် အိန္ဒိယမှာကျန်ခဲ့တဲ့ ဗီရတ်ဟာ ပါကစ္စတန်အကျဉ်းထောင်ထဲမှာပိတ်မိနေတဲ့ သူ့သူငယ်ချင်းကို ကယ်ထုတ်နိုင်ဖို့အတွက် ကြိုးစားရတော့တာပေါ့ အန္တရာယ်တွေများစွာထဲကနေ ဗီရတ်တစ်ယောက် သူငယ်ချင်းဖြစ်သူကို ကယ်ထုတ်နိုင်ပါ့မလား၊ လုံခြုံရေးပေါင်းများစွာရှိနေတဲ့ ဒီအကျဉ်းထောင်ထဲကို ဘယ်လိုဖောက်ဝင်ပြီး ကယ်ဆယ်ရေးတွေပြုလုပ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အားပေးကြပါဦးနော်