ဒီထရိုက်ကိုရောက်တော့ လမ်းမှာ သူ့ကားကိုမှ ဓားပြတိုက်တဲ့ ၂ ကောင်ကိုကိုယ်တိုင်ဖမ်းဆီးပြီး တရားရုံးတင်ပေးလိုက်ပါသေးတယ်။ နောက်နေ့မှာပဲတရားခွင်မှာစစ်ဆေးတဲ့ တရားသူကြီး အယ်ဗင်ဂိုင်း အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကလည်း ထောင်နှုတ်ခမ်းဝကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ကလဲမန့်မန်ဆယ်ပါ။ ကလဲမန့်ဆိုတာက စိတ္တဇသွေးအေးလူသတ်သမားဖြစ်ပြီး ကတုံးပေါ်ထိပ်ကွက်လုပ်တတ်တဲ့ လူမိုက်မျိုးပါ။ သူတရားသူကြီးကိုသတ်လိုက်ရာကနေ ကောင်းဘွိုင်ရဲ ရေလန်ဂါဗင်နဲ့ ထိပ်တိုက်တိုးပါတော့တယ်။ ဆရာကြီး နှစ်ယောက်အားပြိုင်ကြတဲ့ ဇာတ်လမ်းတွဲမှာ ဘယ်သူကအသာရသွားမလဲဆိုတာကို အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့ စိတ်ဝင်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်