Why Didn't They Ask Evans? FHD

Why Didn't They Ask Evans?

Drama Mystery FHD 2022-04-12 6.726

ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Agatha Christieရဲ့ဝတ္ထုဖြစ်တဲ့ Why didn’t they ask Evans?ကို ပြန်လည်ရိုက်ကူးထားတဲ့ Mini Seriesလေးပဲဖြစ်ပါတယ်။ ခပ်ဝေးဝေးကလူတစ်ယောက်ရဲ့အော်သံကြောင့် ရိုက်လျက်စဂေါက်တံကို ရပ်တန့်ပြီး ဘော်ဘီဂျုန်းစ်တစ်ယောက်အသံလာတဲ့ဖက်ကို လှမ်းကြည့်မိတယ်. လှိုင်းတွေရိုက်ခတ်နေတဲ့ချောက်ကမ်းပါးစွန်းကနေ လူတစ်ယောက်ပြုတ်ကျနေတာကိုတွေ့တော့ အကူအညီပေးဖို့ အပြေးအလွှားဆင်းသွားတဲ့ဘော်ဘီကို သေလုဆဲဆဲလူက စကားတစ်ခွန်းပဲပြောနိုင်ခဲ့တယ် ‘သူတို့ဘာလို့ အီဗန်ကိုမမေးခဲ့တာလဲ’တဲ့. ဘော်ဘီဂျုန်းစ်ဆိုတာက ရေတပ်ကဒုဗိုလ်အနေနဲ့ထွက်လာတဲ့ သင်းအုပ်ဆရာရဲ့သားဖြစ်ပြီး မာ့ချ်ဘော့တ်မြို့ရဲ့ဂေါက်ကွင်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ. အေးအေးဆေးဆေးနဲ့ သူတပါးကိုကူညီတတ်တဲ့သူ့ဘဝထဲကို ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ သေသွားတဲ့လူတစ်ယောက်ရဲ့နောက်ဆုံးစကားက အမြဲတဝဲလည်လည်ဖြစ်ပြီးမေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်. ဒီမေးခွန်းကိုပိုပြီးတော့ အသက်ဝင်လာအောင်တွန်းအားပေးနေတာကတော့ လန်ဒန်မြို့ကနေပြန်လာတဲ့သူဠေးသမီးလေး လေဒီဖရန်စစ်ဒါဝက်ပါပဲ. စပ်စပ်စုစုနဲ့ သွက်လက်လွန်းတဲ့သူ့ရဲ့ဖိအားပေးမှုတွေနဲ့အတူ ဒါဟာ လူသေမှုလား လူသတ်မှုလားဆိုတာကို ရှာဖွေရင်းနဲ့ ကိုယ်တိုင်ပါအသက်အန္တရာယ်နဲ့ရင်ဆိုင်လာရတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာအဖြေရှာရမှာပါ.

အပိုင်းများ

Season - 1