The walking dead ရဲ့ fanတွေကြိုက်တဲ့ဇာတ်ကောင် Daryl Dixon ရဲ့ကိုယ်ပိုင်series ထွက်လာပါပြီ။ မူရင်းseries မှာ ဒဲလ် တစ်ယောက်တည်းထွက်သွားပြီးတဲ့နောက်ပိုင်းကနေ ဇာတ်လမ်းဆက်မှာပါ။ အခုseriesကအရင် walking dead စီးရီးတွေနဲ့မတူပဲ ထူးခြားနေတာကတော့ ဇာတ်လမ်းကို ပြင်သစ်နိုင်ငံမှာနေရာယူထားတာမို့ virus ကြောင့်ပျက်စီးနေတဲ့ခတ်ပျက်တစ်ခုကို ပြင်သစ်နိုင်ငံရဲ့ဆက်တင်တွေနဲ့ အသွင်တစ်မျိုးကြည့်ရမှာပါ။ ကမ်းခြေတစ်ခုကို ဒဲလ်ဟာ ဘာကြောင့်မှန်းမသိသောင်တင်ပြီးရောက်လာတာ ကနေ စထားပါတယ်။ zombie တွေနဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတဲ့အခါမှာ အစ်ဇဘဲလ်ဆိုတဲ့သီလရှင်တစ်ပါးက ဘုရားကျောင်းကိုခေါ်သွားပြီး ကုပေးလိုက်ပါတယ်။ အစ်ဇဘဲလ်က ကယ်တင်ရှင်ဖြစ်လာမယ်လို့ပြောတဲ့ကလေးတစ်ယောက်ကို မြောက်ပိုင်းကိုပို့ပေးဖို့ တောင်းဆိုလာတဲ့အခါမှာ ဘာကိုမှအယုံအကြည်မရှိပဲ အချုပ်အနှောင်တွေမလိုချင်တဲ့ဒဲလ်ဟာ ရွေးချယ်မှုတွေလုပ်ဖို့ဖြစ်လာပါတော့တယ်။