Fit Check: Confessions of an Ukay Queen FHD

Fit Check: Confessions of an Ukay Queen

Comedy Drama FHD 2023-07-06 10

အခုတစ်ခေါက်မှာတော့ ဖက်ရှင်ကိုအရမ်းရူးသွပ်တဲ့ကောင်မလေးတစ်ယောက်ရဲ့အိပ်မက်တွေလက်တွေဖြစ်လာဖို့ ကြိုးစားတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလိုရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေရင်း အခက်အခဲတွေ ကြုံတွေလာလို့ပင်ပန်းနေတဲ့အခါမျိုးမှာ ကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်လည်းပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့အဝတ်အစားဘေထုပ်ရောင်းတဲ့ဆိုင်မှာ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီးဖက်ရှင်တွေကို ရူးသွပ်နေတဲ့ ကောင်မလေး မယ်လန်နီ။ အဖေဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့အဖေ့လက်ကျန်စီးပွားရေးလေးကို ဆက်လုပ်ကိုင်နေခဲ့ပေမဲ့ ကံမကောင်းစွာဘဲ ဘေထုပ်ဆိုင်လေးကိုဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ SFXဥက္ကဌရဲ့ သားဖြစ်သူ ခရစ်ဘလန်ကိုရဲ့ဖိတ်ခေါ်မှုနဲ့အတူဖက်ရှင်လောကထဲကို ဝင်ရောက်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ စတင်လာခဲ့တဲ့ အိပ်မက်တို့ဦးတည်ရာဆီကို ကိုယ်စီသွားနေကြတဲ့ သူတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါမှာတော့ဘယ်လိုခံယူချက်မျိုးနဲ့ ဖြတ်သန်းသွားကြမလဲ…. မယ်လန်နီတစ်ယောက်ရောဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ပါ့မလား ….ဘယ်လိုအခက်အခဲဆူးလမ်းတွေကို ကျော်ဖြတ်ရမလဲ…စတာတွေကို ခံစားနိုင်ဖို့အတွက် ဒီဇာတ်လမ်းကို ကြည့်ရှုလိုက်ကြပါဦး…