ဟာသလေးလေးနှောရိုမန့်လေးလည်းပါတဲ့ historical ကားကောင်းလေးတစ်ကားပါထန်မင်းဆက်ခေတ် ယန်ကျိုးဆိုတဲ့ချမ်းသာကြွယ်ဝတဲ့မြို့လေးမှာ အာဏာကြီးမားတဲ့တုမျိုးန်နဲ့လီမျိုးနွယ်တို့ဟာ သူတို့သမီးတွေကိုလက်ထပ်ထိမ်းမြှားပေးဖို့ စီရင်ကြပါတော့တယ်မျိုးနွယ်နှစ်ခုလုံးရဲ့ လက်ထပ်ပွဲနေ့ဟာလည်း တစ်ချိန်ထဲတစ်နေ့ထဲ ကျရောက်ခဲ့ပြန်ပါရောတုပင်းယန်နဲ့လက်ထပ်မဲ့ သတို့သားကတော့ ကျန်းမာရေးချူချာတဲ့ချီမျိုးနွယ်တတိယသား ချီထျန်လိန်ပါ ချီမျိုးနွယ်တွေမျှော်လင့်တာကချီသခင်လေးရဲ့ ဆိုးဝါးတဲ့အခြေအနေကံတရားကြောင့်ချောမောတဲ့သတို့သမီးလေးက လှည့်ပြန်ခဲ့ရင်သူတို့ချမ်းသာမှုကိုဘယ်သူမှမပေးရတော့ဘဲ ဆက်တည်ရှိနေမှာပါ အဲ့ဒါကြောင့် ချီသခင်လေးက သေခါနီးဖြစ်နေပါပြီလို့ ကောလဟာလတွေ ထုတ်လွှင့်ပါတော့တယ်ချီသခင်လေးရဲ့ကောလဟာလကြောင့် တုပင်းယန်ဟာ စိတ်ပျက်မိပေမဲ့မိဘတွေဆန္ဒအတိုင်း လက်ထပ်ပွဲကိုလက်ခံလိုက်ပါတော့တယ်တစ်ဖက်မှာလည်း လီမိသားစုဟာ လီယွီဟူကို ရက်စက်ပြီးကြမ်းကြုတ်တယ်လို့နာမည်ကျော်ကြားတဲ့ ယွမ်ပုချူနဲ့ လက်ထပ်ပေးဖို့ စီစဥ်ပါတော့တယ်ယွမ်ပုချူရဲ့သတင်းကြောင့် လီယွီဟူကလည်း လက်မထပ်ချင်စိတ်ညစ်မိပေမဲ့မိဘတွေသဘောအတိုင်း လက်ထပ်ပွဲကိုသဘောတူလိုက်ပါတော့တယ်လက်ထပ်မဲ့နေ့မှာ လက်ထပ်ပွဲဆီ သတို့သမီးနှစ်ဦးလုံးကို လိုက်ပို့ချိန်မိုးရွာလာတဲ့အတွက် ဘုရားကျောင်းမှာ မိုးဝင်ခိုကြပါတော့တယ်အဲ့အချိန်မှာပဲ ဘုန်းတော်ကြီးက ဓားပြတွေလာပြီလို့ပြောလိုက်သောအခါအစေခံတွေအားလုံး ကြောက်လန့်ထွက်ပြေးကုန်ကြပါရောအဲ့လိုရုတ်ရင်းဆန်ခတ်ဖြစ်ပြီး သတို့သမီးနှစ်ယောက်လှည်းမှားပြီးလက်ထပ်ပွဲဆီရောက်လာသောအခါ…….ဒါကသူတို့အတွက် ကံကြမ္မာကစီစဥ်ပေးထားတဲ့ ဖူးစာလား?အဲ့အမှားကြောင့် ဘာတွေဆက်တွေ့ကြုံရမလဲ?သူတို့လေးယောက်လုံးဘယ်လိုရင်ဆိုင်ကြမလဲ?ဆိုတာဟာသလေးနှော အချစ်လေးရောပြီး စောင့်ကြည့်ပေးပါဦးနော်