Undead Murder Farce アンデッドガール・マーダーファルス FHD

Undead Murder Farce アンデッドガール・マーダーファルス

ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ စိတ်ပျက်လက်ပျက်နဲ့သေချင်လွန်းလို့ မကောင်းဆိုးဝါး သုတ်သင်သူဆီ လာပြီး အသတ်ခံမယ့်လူ။ဒါပေမဲ့ တကယ်တမ်း နှစ်ယောက်သား တေ့တေ့ဆိုင်ဆိုင်စကားပြောကြည့်တော့ ဆူဂရုကို လုပ်ခဲ့တဲ့လူနဲ့ အာယာရဲ့ ခန္ဒာကိုယ်ကို ခိုးသွားတဲ့လူကတစ်ယောက်တည်း ဖြစ်နေတော့ နှစ်ယောက်သား ပူးပေါင်းပြီးဒီလက်သည်ကို ဥရောပထိ လိုက်ရှာပြီး သွေးကြေးဆပ်ကြမယ်ဆိုပြီးသစ္စာပြုလိုက်ကြရော။တတိယဇာတ်ကောင်ကတော့ ခေါင်းပြတ်မလေးရဲ့ သစ္စာရှိလူယုံမလေး ရှီဇူကုပါသခင်မအမိန့်အတိုင်း စေလိုရာသာလုပ်ပြီး ပေါ့ပြက်ပြက် ဆူဂရုနဲ့အမြဲသတ်နေတဲ့တစ်ယောက်ပေါ့။ဒီလိုနဲ့ ၃ ယောက်သား စုစည်းပြီး အာယာရဲ့ စုံထောက်စွမ်းရည်ရယ်ဆူဂရုရဲ့ မကောင်းဆိုးဝါး သုတ်သင်နိုင်စွမ်း ရှီဇူကုရဲ့ ထူးဆန်းတဲ့ငွေလက်နက်နဲ့တိုက်ခိုက်နိုင်စွမ်းနဲ့အတူ သူတို့ကို ဘဝဖျက်သွားတဲ့လူနောက် လိုက်ကြရင်းစွန့်စားခန်းတွေ ထွက်ကြတာကို ရသပေါင်းစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။