Billy the Kid FHD

Billy the Kid

Drama Western FHD 2022-04-24 7.5

Billy the Kid လို့အများသိကြတဲ့ Henry McCarty ဒါမှမဟုတ် William H. Bonney ဆိုတဲ့ကောင်လေးဟာ သမိုင်းမှာနာမည်ကျော်ပါတယ်။တစ်ချိန်က နာမည်ကြီး တောပုန်းတစ်ယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် အသက် ၂၁ ငယ်ငယ်ရွယ်ရွယ်နဲ့မသေခင်မှာ လူ ၂၁ ယောက်ကိုသတ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။သူ့ရဲ့ဘဝဖြစ်စဉ် သမိုင်းတောက်လျှောက်ဟာ အခုချိန်မှာပြန်ပြောပြနိုင်တဲ့သူမရှိတဲ့အတွက် လက်ဆုပ်လက်ကိုင် ရေရေရာရာပြနိုင်စရာမရှိပေမယ့် ဒီဇာတ်လမ်းတွဲကတော့ အားလုံးကိုပေါင်းစပ်ပြီးအနီးစပ်ဆုံးဖြစ်အောင် ကြိုးစားချဉ်းကပ်ပေးထားတယ်လို့ပြောလို့ရနိုင်ပါလိမ့်မယ်။ ရွှေ့ပြောင်းအခြေချတွေဖြစ်ခဲ့တဲ့ သူတို့မိသားစုဘယ်လိုကြမ္မာတွေကြုံရခဲ့ရလဲ၊Billy the Kid ဘာကြောင့် နာမည်ကြီးရတာလဲ ၊သူ့ရဲ့နာမည်အကြီးဆုံးအချက်ကတော့ သေနတ်ကိုဆွဲထုတ်တဲ့ နေရာမှာ လျှပ်ပြက်သလိုလျှင်မြန်ပါတယ်တဲ့။တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ တောပုန်းကြီးတစ်ယောက်ကို အခုခေတ်ထိ တသသ ရုပ်ရှင်တွေ စီးရီးစ်တွေအဖန်ဖန်အလည်လည်ရိုက်နေကြရလောက်အောင် ဘာလို့ဂန္ဓဝင်တွင်နေခဲ့တာလဲဆိုတာအသစ်တဖန် ပြန်ပြီး ရှုစားကြရအောင်ပါ။