ကိုးရီးယားနိုင်ငံကိုယ်စားပြု နံပါတ် ၁ ဖြစ်ဖို့ယှဉ်ပြိုင်ကြရမယ့်မိန်းခလေးအဖွဲ့ ၈ ဖွဲ့၊ Dancing Type မျိုးစုံပါဝင်ပြီးကိုယ်ဘယ်သူလဲဆိုတာကို သက်သေပြရမယ့် ပွဲတစ်ပွဲဖြစ်ပြီးကိုယ့်ရဲ့အရည်အချင်းတွေကို အစွမ်းကုန်ထုတ်သုံးပြီးပြိုင်ပွဲဝင်တိုက်ခိုက်ကြတာကို ကြည့်ရှုရမယ့်Street Woman Fighter ဆိုတဲ့ Variety Show အသစ်လေး Kang Daniel က MC အဖြစ် တင်ဆက်ပေးမှာဖြစ်ပြီးဒိုင်လူကြီးတွေအနေနဲ့တော့ Kwon BoA နဲ့ Lee Tae Yong တို့က ပါဝင်ထားပါတယ်။ ဒါ့အပြင် Guestတွေအဖြစ် နာမည်ကြီးတွေ ဖြစ်ကြတဲ့CL, Jessi, Choi Soo Young , Choi Yoo Jung,Yves, Lee Young jie နဲ့ PSY အစရှိတဲ့သူအများအပြားလည်း ပါဝင်ထားကြပါတယ်။အကကို သဘောကျနှစ်သက်သူဖြစ်ပြီး ရောင်စုံစကီလေးများစွာကိုလည်း မြင်တွေ့ရမှာမို့ပရိတ်သက်ကြီးအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ဒီ Show လေးကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။