Dear Child FHD

Dear Child

Crime Drama Mystery FHD 2023-09-07 7.738

ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ဒီအမှုကို ရဲတွေက ကားတိုက်ပြေးမှုလို့ပဲ ထင်ထားကြပေမဲ့ တိုက်ခံရတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်နဲ့ ဆင်တူနေတာကို သိလိုက်ရတယ်။ နာမည်ကလည်း ဆင်တူနေတယ်။ ပျောက်နေတဲ့ အမျိုးသမီးရဲ့ မိဘတွေက ဆေးရုံကို ရောက်လာတဲ့အချိန်မှာတော့ ပျောက်သွားတဲ့ ကောင်မလေးနဲ့ ပုံစံချင်းတူနေပေမဲ့ သူတို့သမီးမဟုတ်တာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့သမီးလို့ ပြောတဲ့ကောင်မလေးကတော့ ပျောက်နေတဲ့ အမျိုးသမီးငယ်ငယ်ကပုံစံနဲ့ ချွတ်စွပ်တူနေတာကို တွေ့လိုက်ရပါတယ်။ ဒီကောင်မလေးက သူတို့ရဲ့ ပျောက်နေတဲ့သမီးနဲ့ တစ်ပုံစံတည်းတူနေတယ်… ကားတိုက်ခံရတဲ့ အမျိုးသမီးက သူ့အမေပါလို့ပြောတယ်။ ဒါပေမဲ့ ကားတိုက်ခံရတဲ့သူက အရင် ၁၃ နှစ်က ပျောက်နေတဲ့ အမျိုးသမီးမဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုဖြစ်ရတာလဲ… အဖြစ်မှန်က ဘယ်လိုလဲ…

အပိုင်းများ

Season - 1