IMDb 8.5/10 ရထားပြီး အပိုင်းတိုင်း အပိုင်းတိုင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှူခဲ့ရတဲ့ Delhi Crime ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းတွဲ Season 2 ထွက်ရှိလာပါပြီဒီတစ်ခါမှာလည်း ပြင်ပလက်ရှိလောကမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ကတ်ချဘန်နီရန်ဆိုတဲ့ လူမျိုးစုဂိုဏ်းရဲ့ မွှေချက်ကြီးကို ကြည့်ရမှာပါစွပ်ကျယ်နဲ့ လန်ကွတ်တီပဲ ဝတ်ထားတဲ့ ကတ်ချဘန်နီရန်ဂိုဏ်းရဲ့ ပြစ်မှုကျူးလွန်သူတွေဟာတစ်ညမှာ အိမ်ကြီးထဲ ခိုးဝင်ပြီး သက်ကြီးအဖိုးအဖွား စုံတွဲနှစ်တွဲကိုရုပ်ပျက်ဆင်းပျက်ဖြစ်အောင် သတ်လိုက်ကြတယ်အငြှိုးရှိဟန်လည်း မတူပေမယ့်တစ်အိမ်လုံးမှာ ပွစာကြဲအောင် မွှေနှောက် သောက်စား အညစ်အကြေးစွန့်ထားခဲ့ပြီးစီစီတီဗွီမှာပါ သက်သေအထောက်အထားချန်ထားခဲ့တဲ့ လူသတ်သမားတွေကိုရဲမှူးဗာတီကာနဲ့ အဖွဲ့က ရှာဖွေစုံစမ်းကြမှာဖြစ်ပါတယ်၁၉၉၀ ပြည့်နှစ်တွေကတော့ ကတ်ချဘန်နီရန်ဂိုဏ်းသားတွေအတော်ကိုထောင်လွှားခဲ့ပြီး ပြစ်မှုမျိုးစုံကျူးလွန်ခဲ့ကြတယ်အခုတစ်ခေါက် ပေါ်တော်မူလာတဲ့ တရားခံတွေကရောအတူတူပဲလား ဘယ်သူတွေလဲဆိုတာကိုကြည့်ရှူခံစားရမယ့် အပြင်ရဲမှူးကြီးရဲ့ တာဝန်ဝတ္တရားခွဲဝေကြီးကြပ်ပုံတရားမျှတမှုအတွက် လွန်ဆွဲရတဲ့ ဇာတ်ကြောင်းတွေကိုပါခံပြင်းဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်