ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းလေးက –တိကုဆရာဝန်မလေး ထျန်ထျန်ဟာ နိုင်ငံခြားမှာပညာသင်ရင်းတကယ့်ဆရာဝန်တစ်ယောက်ဖြစ်လာဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပါ ။ဒါပေမဲ့ မိသားစုထဲမှာ မမျှော်လင့်ထားဘဲ ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ် ။အဲ့ပြသနာကတော့ ဖခင်ဖြစ်သူရဲ့အပြင်းအထန် ဖျားနာမှု့ဖြစ်ပြီးထျန်ထျန်တစ်ယောက် မလွှဲမရှောင်သာ သူ့ဖခင်ရဲ့သွေးနဲ့ချွေးနဲ့ရင်းပြီးတည်ထောင်ခဲ့တဲ့ “ထျန်လင်” တိကုဆေးရုံကို လက်လွှဲပြောင်းယူဖို့ဖြစ်လာခဲ့ပါတယ် ။တစ်ဖက်မှာကလည်း တရုတ်ပြည်ရဲ့ နာမည်ကြီးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ လွီချွမ်းရဲ့ဥက္ကဌလောင်းဖြစ်တဲ့ ရှန်မိဟာ ကုမ္ပဏီကကိစ္စတစ်ခုကြောင့်စီးပွားရေးမပြေလည်တဲ့ တိမွေးကုဆေးရုံတစ်ရုံကိုလိုက်ရှာနေခဲ့တဲ့အချိန်ဖြစ်နေပြန်ပါတယ် ။အဲ့လိုနဲ့ ထျန်ထျန်တာဝန်ယူထားတဲ့ ဘဏ္ဍာရေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ တိမွေးကုဆေးရုံကိုရှာတွေ့သွားရာက….ထျန်ထျန်တစ်ယောက် ရှန်မိရဲ့ ရင်းနှီးမြှပ်နှံမှု့လုပ်ချင်တဲ့ေတာင်းဆိုမှု့ အပေါ်လက်ခံလိုက်မလား ? သူတို့နှစ်ယောက် ဘယ်လိုမျိုးစီးပွားရေးအတူလုပ်ဖြစ်သွားမလဲ ?ဘယ်လိုမျိုးသံယောဇဉ်တွေတွယ်မိပြီး ချစ်မိသွားမလဲဆိုတာကိုဇာတ်လမ်းထဲမှာပဲ ရသမျိုးစုံနဲ့ကြည့်ရှု့ခံစားပေးကြပါဦး