လူဆိုးဂိုဏ်းဝင်တစ်ယောက်ကို ကြက်ကန်းဆန်အိုးတိုးပြီး ဖမ်းမိသွားတဲ့နောက်မှာ ဆူဇန်နိုဟာ ရာထူးတိုးပြီး စီရင်စု(၈)ရဲစခန်းမှာ စီရင်စုမှူးဖြစ်သွားပါတော့တယ်။ ထူးခြားတာက အဲ့ရဲစခန်းက စီရင်စုမှူးတိုင်းက SlotMachine မာဖီးယားအဖွဲ့သတ်တာခံရပြီး သေသေသွားကြတာပဲ။ ဆူဇန်နိုတစ်ယောက် ဒီအကြောင်းကို သိသွားပြီးတဲ့အချိန်မှာတော့ နောက်ကျသွားခဲ့ပါပြီ။ သူစစရောက်ချင်းနေ့မှာပဲ အဲ့မာဖီးယားအဖွဲ့ကို ဖမ်းဖို့အတွက် စစ်ဆင်ရေးတစ်ခုစီစဉ်ထားကြတော့ ရဲအုပ်အမျိုးသမီးက သူ့ကိုဦးဆောင်ခိုင်းတယ်။ သူကလည်း ဝေ့လည်ကြောင်ပတ်လုပ်ပြီး ရဲစခန်းကိုလာတိုင်တဲ့အဘွားအိုတစ်ယောက်ရဲ့ အမှုသေးသေးလေးကိုပဲ ဖြေရှင်းပြီးနေရစ်ခဲ့လိုက်တယ်။ကံကောင်းချင်တော့ အဲ့အမှုသေးသေးလေးကနေ မာဖီးယားအဖွဲ့နဲ့ပတ်သက်တဲ့သဲလွန်စကို ရှာတွေ့သွားပြီး သူတို့ဂိုဏ်းရဲ့ပစ္စည်းတွေကို သိမ်းဆည်းလိုက်ကြတယ်။အထိနာသွားတဲ့ မာဖီးယားတွေက ဆူဇန်နို့ဆီကို ခြိမ်းခြောက်စာတွေပို့ပြီးနောက်မှာ ဘာတွေဆက်ဖြစ်မလဲ မာဖီးယားအဖွဲ့ကို စီရင်စု ၈ ရဲစခန်းကဘယ်လိုတွေဖမ်းကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဟာသဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။