ဒီထဲက အဓိကဆရာကြီးကတော့ ကုလားစနေမောင်မောင်ဗားရှင်းလို့ ပြောရမဲ့ နိုင်ငံရေးသမား ရှူကလာပဲဖြစ်ပါတယ် သူ့ရဲ့ထူးခြားချက်ကို ဗေဒင်ကိန်းခန်းနက္ခတ်တွေကို အရမ်းယုံပြီး လူသတ်ရင်တောင် နက္ခက်ကိုက်မှသတ်တဲ့ နိုင်ငံရေးသမား လူဆိုးကြီးဖြစ်ပါတယ်ဘောလီးဝုဒ်နိုင်ငံရေးသမားတို့ရဲ့ထုံးစံအတိုင်း ဟိုမဲဆွယ်ဒီမဲဆွယ်ဟိုမင်းသားနဲ့ငြိ ဒီမင်းသားနဲ့ငြိနဲ့ အကုန်လုံးကို အနိုင်ပတ်ကျင့်ပြီးတဲ့နောက်မှာ ဆရာကြီးကိုကြည့်မရတဲ့လူတစ်သိုက်စုပြီး ဆရာကြီးရဲ့ ပိုင်ဆိုင်သမျှထဲ တန်ဖိုးအများဆုံးပမာဏကိုဝိုင်းခိုးဖို့ အကွက်ချပါတော့တယ် အဲ့တော့ ocean eleven လို သူခိုးတသိုက်နဲ့ လူဆိုးကြီးစနေမောင်မောင်(ခေတ္တအိန္ဒိယ) ဗားရှင်းပေါ့ဗျာဇာတ်လမ်းလဲကောင်းသလို ဟာသပါတယ်ဆိုပေမဲ့ ပေါမနေပဲ အတည်နောက်ထားတာကြောင့်အားလုံးပဲ သူခိုးကားလေးလဲကြည့်ရ ဗေဒင်လေးလဲကြုံတုန်းတွက်ရတာမို့ လက်မနှေးကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်