American Horror Story FHD

American Horror Story

ပရိတ်သတ်အားပေးမှု အများကြီးရရှိထားပြီးအောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့၊ FX channel ရဲ့TV show တစ်ခုပါ။Horror ကြိုက်တဲ့ပရိတ်သတ်တွေအတွက် သိပ်စိမ်းမှာမဟုတ်တဲ့ဒီ AHSဟာ အခုဆိုရင် season ၁၂လေး ထွက်ရှိလာပါပြီ။AHS ရဲ့ ထုံးစံအတိုင်း anthology series ပုံစံအနေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက်အရင်seasonတွေ မကြည့်ရသေးပါဘူးဆိုရင်လည်းအခုမှစကြည့်လို့အဆင်ပြေပါတယ်။အရင်ထွက်ရှိထားတဲ့ seasonတွေနဲ့မတူတဲ့၊ ဒီseasonရဲ့ ထူးခြားတဲ့အချက်ကDanielle Valentine ရဲ့ “Delicate Condition”ဆိုတဲ့စာအုပ်ကိုinspire ယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။“သရုပ်ဆောင်မင်းသမီး အန်နာဗစ်တိုးရီးယားအယ်ကော့တ် ဟာဖန်ပြွန်သ‌န္ဓေသားနဲ့ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေရသူပါ။မကြာသေးခင်က သူသရုပ်ဆောင်ထားတဲ့ဇာတ်လမ်းကအောင်မြင်မှုတွေရထားတော့ နာမည်ကြီးနေပြီဖြစ်တဲ့သူ့ကိုနောက်ယောင်ခံလိုက်တဲ့သူ ရှိနေပါတယ်ဆိုပြီးအန်နာတစ်ယောက် ကြောက်စိတ်တွေဝင်နေပါတယ်။ဒီစိတ်ဖိစီးမှုတွေအပြင် ဘယ်သူဘယ်ဝါမှန်းမသိတဲ့တစ်ယောက်ယောက်က…အမည်မသိတဲ့ တစ်စုံတစ်ခုကတော့ သူ့ရဲ့မိခင်ဖြစ်လာဖို့အခွင့်အရေးကို နှောင့်ယှက်နေပါတယ်ဆိုပြီးတော့လည်းအန်နာတစ်ယောက် စိတ်ခြောက်ခြားနေပါတယ်။သူလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေက ဘယ်အရာတွေကြောင့်ဖြစ်မလဲ။”AHS ရဲ့ တစ်ခြားseasonတွေလိုမျိုးပဲ အမျိုးသမီးဇာတ်ရုပ်ကိုအဓိကရိုက်ကူးထားပါတယ်။ဇာတ်ဆောင်ရဲ့စိတ်ခံစားချက်တွေကို အပြည့်အဝခံစားနိုင်အောင်ရိုက်ကူးထားပြီး စိတ်ခြောက်ခြားစရာဇာတ်ဝင်ခန်းတွေကိုတစ်ခုပြီးတစ်ခု ကြည့်ရှုရမှာဖြစ်ပါတယ်။ဒါ့အပြင် နာမည်ကြီး celebrity ဖြစ်တဲ့ Kim Kardashianနဲ့ နာမည်ကြီးမော်ဒယ်Cara Delevingneတို့လည်း ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်ဘယ်ဇာတ်ကောင်တွေအနေနဲ့ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြမလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။horror ဇာတ်လမ်းတွေမှာ အောင်မြင်မှုရရှိထားတဲ့မင်းသမီးချောလေး Emma Robertsအပြင်တစ်ခြား‌သော သရုပ်ဆောင်များလည်း ပါဝင်ရိုက်ကူးထားပါတယ်။AHS ရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ Ryan Murphy နဲ့ Brad Falchuk တို့ဟာဒီseasonမှရော ကြောက်စရာဇာတ်ဝင်ခန်းတွေနဲ့ဘယ်လိုလက်စွမ်းပြထားကြဦးမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။horror ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။