Evilive 악인전기 FHD

Evilive 악인전기

Crime Drama Mystery FHD 2023-10-14 5

Han Dong Soo ဟာရှေ့နေ့တစ်ယောက်ဖြစ်ပြီး သူ့ရည်မှန်းချက်ကတော့အရမ်းချမ်းသာချင်တာပါပဲ…ဒီတော့သူဟာ အမှုသည်တွေရှာတဲ့နေရာမှာဂွင်ကောင်းကောင်းရိုက်ဖို့ ပစ်မှတ်ထားလေ့ရှိတယ်…..ဉာဏ်ရည်ထက်မြက်လှပြီးအကွက်မြင်တတ်တဲ့သူ့အတွက် လူဆိုးဂိုဏ်းတွေနဲ့ အခြားမကောင်းတာလူတဲ့လူတွေကြားမှာ သူ့နာမည်ဟာရေပန်းစားလာတယ်…ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းရှေ့နေကောင်းဆိုတာထက် လူမိုက်ဆန်ဆန် မကောင်းတာလုပ်တဲ့ ဘဝကိုရောက်မှန်းမသိရောက်လာတယ်…တစ်နေ့တော့ သူ့ကိုရွေးပြီးမှ ရှေ့နေလုပ်ခိုင်းတဲ့ထောင်သားတစ်ယောက်ပေါ်လာတယ်…ဒီလူဟာ နာမည်ကြီး လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့အပြင် ငယ်ရွယ်ပြီးအမြော်အမြင်ရှိတဲ့ သူဖြစ်လေတော့ ရှေ့နေကို နည်းမျိုးစုံနဲ့ချောင်ပိတ်ရိုက်ဖို့ကြိုးစားလာတဲ့အခါမှာတော့….ဒီစီးရီးက ဆရာကြီးတွေကြီးပါဝင်ထားသလို  Crime အမျိုးအစားဖြစ်လေတော့တော်တော်ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမှာတော့သေချာတယ်…ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် Sat Sun တိုင်းမှာစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်