ဒီဇာတ်ကားလေးကတော့ တရုတ်ရှေးခေတ်ကားတွေထဲမှာတစ်ခါမှတွေ့ဖူးနေကျပုံစံမဟုတ်တဲ့ Costume comedy drama လေးပဲဖြစ်ပါတယ် ။ခေါင်းဆောင်မင်းသား မင်းသမီးတွေအနေနဲ့ မင်းသားJoseph Zhang နဲ့မင်းသမီး Tian Xi wei တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ။လျန်မန့်အာလို့ခေါ်တဲ့ မျက်မောက်ခေတ်က မိန်းကလေးဟာ ထူးဆန်းတဲ့ system တစ်ခုနဲ့ကြုံတွေ့ပြီးရှေးခေတ်ကိုအပို့ခံလိုက်ရပါတယ် ။ သူမအပို့ခံလိုက်ရတဲ့နေရာကလယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတစ်စုဖြစ်ပြီးရောက်ရောက်ချင်းမကြာသေးခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်ပြီးသရုပ်မှန်ကိုမသိနိုင်တဲ့ ရှန်နော့နဲ့ တွေ့ဆုံပါတော့တယ် ။မန့်အာတစ်ယောက် system ရဲ့ညွှန်ကြားချက်တွေကိုဖြေရှင်းရင်း ရှန်နော့နဲ့အတူလယ်ယာထဲကဆွေမျိုးတွေရဲ့ ဒုက္ခကိုပါအတူဖြေရှင်းရပါတော့တယ် ။နှစ်ယောက်သားက ပိုက်ဆံရှာဖို့အတွက် စီးပွားရေးအတူလုပ်ကြရင်းခံစားချက်တွေ နက်ရှိုင်းသည်ထက်နက်ရှိုင်းလာခဲ့ပါတယ် ။မင်းသားမင်းသမီးနှစ်ေယာက်က လယ်တောထဲမှာ ဆွေမျိုးတစ်သိုက်နဲ့အတူခွေးတွေ ကြက်တွေနဲ့ ဟာသပုံစံလေးရိုက်ကူးထားတဲ့ စိတ်အပန်းဖြေစရာrelax drama လေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်အိမ်လည်းကောင်းပြီးစိတ်အပန်းလည်းဖြေချင်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင့် ။