ဒေါက်တာပန် နဲ့ တန်တဝမ် တို့က ဆယ်ကျော်သက်အရွယ်ကတည်းက ရည်းစားတွေပါ။သူတို့အကြားမှာ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ စွမ်းအားလေး တစ်ခုရှိပါတယ်။အဲ့ဒါကတော့ တန်တဝမ် က ဒေါက်တာပန့်ကို သူ့ဆီလာစေချင်လို့ ခေါ်လိုက်ရင်ဒေါက်တာပန်က အနီးဆုံးမှာရှိတဲ့ ဘယ်ကြားခံနယ်မဆို ဖြတ်ပြီး လာနိုင်တဲ့ စွမ်းအားလေးပါ…သို့ပေမယ့် ချစ်သူရည်သက်တမ်း ၁၅ နှစ်ပြည့်လာတဲ့အခါသူတို့ချစ်ခြင်းက လာတဲ့စွမ်းအားက အနည်းငယ်ယိုယွင်းလာပါတော့တယ်…ချလမ် ဆိုတဲ့ ဆဌမနှစ်ဆေးကျောင်းသား ဒေါက်တာပေါက်စလေးနဲ့ တန်တဝမ်တွေ့သွားတဲ့ အချိန်မှာပေါ့တန်တဝမ်နဲ့ ချလမ်တို့က အက်ဆီးဒင့်တစ်ခုမှာစတွေ့ခဲ့တာပါအဲ့ဒီအချိန်ကတည်းက ချလမ့်ရဲ့ ဒေါက်တာပန်နဲ့မတူသော ကြင်နာမှုတွေကြောင့် တန်တဝမ် ချလမ့်အပေါ်ကို ကြွေသွားမိပါရော…အဲ့ဒီနောက် ချလမ်လည်း ဒေါက်တာပန်ရသလို စွမ်းအားတွေ ရသွားတဲ့အခါမှာတော့…တန်တဝမ်ကရော လူကြီးဆန်တဲ့ ဒေါက်တာပန်ကိုရွေးမှာလား…ချစ်စရာကောင်းတဲ့ ချလမ်ကို ရွေးမှာလား….စွမ်အားအတူတူ ရရှိသွားတော့ တန်တဝမ် ၊ ဒေါက်တာပန် နဲ့ ချလမ်တို့အကြားမှာ ဘယ်လိုအလွဲလေးတွေဖြစ်လာပြီးဘယ်လိုဒရမ်မာတွေ ဆက်ခင်းကြမလဲဆိုတာ My ambulance series ကိုသာ ကြည့်လိုက်ပါတော့နော်…။ဒေါက်တာပန်အဖြစ် Sunny Suwanmethanonချလမ်အဖြစ် Sky Wongravee Nateetornတန်တဝမ်အဖြစ် Mai Davika Hoorne စသည့်သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။