ဒိုဘုံဆွန်းဆိုတဲ့ မိန်းကလေးဟာ မွေးဖွားလာကတည်းက ထူးထူးထူးခြားခြား အင်မတန်ခွန်အားသန်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူပါ..အဲဒီစွမ်းအားကလည်း ဘုံဆွန်းတို့မျိုးရိုးမှာ အမျိုးသမီးတွေသာ အမွေရတာပါ…ဘုံဆွန်းရဲ့အိမ်မက်ကတော့ သူ့ကိုယ်သူဇာတ်လိုက်ထားပြီး Video Gameတစ်ခုဖန်တီးချင်တာပါ..တစ်နေ့မှာတော့ ဘုံဆွန်းတစ်ယောက် လူမိုက်တွေရန်ကနေ ကားဆရာကြီးကို ကာကွယ်ပေးရင်းအမှတ်မထင် Video Gameကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ အန်းမင်ဟျော့နဲ့ တွေ့ဆုံခဲ့ပါတယ်…ခြိမ်းခြောက်မှုတွေခံရတဲ့ အန်းမင်ဟျော့က ခွန်အားသန်တဲ့ဘုံဆွန်းကို သဘောကျပြီးသူ့ရဲ့သက်တော်စောင့်အဖြစ် အလုပ်ခန့်လိုက်တဲ့အချိန်မှာတော့….ထွေထူးပြီးညွှန်းစရာမလိုတဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ချစ်ကြည်နူးတစ်တီတူးတဲ့ အခန်းတွေကိုတစ်ကျော့ပြန်လည်ခံစားကြည့်ရှုကြပါဦး….