ဇာတ်လမ်းအစမှာ ဖော်ကျူနာတို ဆေးဝါးလုပ်ငန်းရှင် စီအီးအိုဖြစ်သူ ရောဒရစ်အက်ရှာရဲ့ သားသမီးတွေ ဈာပနာနဲ့ အစပျိုးထားတယ်။ ရောဒရစ်ဟာ နှစ်ပတ်တာဆိုတဲ့ အချိန်အတွင်းမှာ သူ့ရဲ့ သားသမီးခြောက်ယောက်လုံးကို ဆုံးရှုံးလိုက်ရတယ်။ ဘာကြောင့်ဆုံးရှုံးခဲ့ရတယ်ဆိုတာကတော့ ပဟေဠိတစ်ပုဒ်ပါ။သားသမီးတွေကို ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ရောဒရစ်ဟာ သူ့ရဲ့ လုပ်ရပ်တွေကိုဝန်ခံဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဒူပင်ဆိုတဲ့ ရှေ့နေကို သူ့ရဲ့ ငယ်ဘဝက ကြီးပြင်းခဲ့ရာအိမ်ကို ဖိတ်ခေါ်ကာ အကြောင်းစုံကို ရှင်းပြရာကစလို့ အက်ရှာအိမ်တော်ကျဆုံးခန်းကြီး ရုပ်လုံးပေါ်လာပါတော့တယ်။ပဟေဠိဆန်တဲ့ အဖြစ်အပျက်တွေ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ကူးချီသန်းချီ ဇာတ်ကြောင်းပြောတဲ့ စီးရီးဖြစ်လို့ဇာတ်လမ်းကို ကိုယ်တိုင် မြည်းစမ်းလိုက်တာက အကောင်းဆုံးပါပဲ …