ဇာတ်လမ်းကဆန်းပါတယ်…ကွတ်ကီးတစ်ကိုက်လောက်စားလိုက်ရုံနဲ့ ကိုယ်ရဲ့ဆန္ဒတွေလက်တွေ့မှာ အမှန်တကယ်ဖြစ်နိုင်လာတယ်တဲ့…လူငယ်တွေက စူးစမ်းချင်ကြသလို ရည်မှန်းချက်တွေလည်း ကြီးကြတယ်…ရည်မှန်းချက်မတူညီကြဘူးဆိုပေမဲ့ ဒီလိုနေရာကိုရောက်ဖို့ ဘယ်နည်းလမ်းမဆိုသုံးရ သုံးရဆိုတဲ့ လူမျိုးတွေကတော့ ခပ်များများရယ်…ဒီထဲမှာ ကွတ်ကီးလေးစားရုံနဲ့ ကိုယ်ဖြစ်ချင်တာကိုဖြစ်သတဲ့…ဆိုတော့ လူငယ်လေးတွေက ဖြစ်ချင်လို့ စားတာရှိသလိုစူးစမ်းချင်လို့ စားကြတာလည်းရှိတယ်…မမျှော်လင့်ထားဘဲ သူတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်ကုန်ကြတယ်…သို့သော် သက်ရောက်မှုတွေမှာ တန်ပြန်ဆိုးကျိုးတွေနဲ့ပေးဆပ်ရမယ့် ပမာဏတွေရှိတယ်…ကွက်ကီးစားလို့ ပြန်လည်ပေးဆပ်ရမဲ့ ကိစ္စတွေကများပြားလာတဲ့အခါ..ဒီကွက်ကီးစားမိလို့ ဒုက္ခရောက်တဲ့သူတွေဘယ်လိုရုန်းထွက်ကြမလဲဆိုတာကိုတော့….