ထိတ်လန့်သည်းဖိုဇာတ်လမ်းတွေကို သဘောကျတဲ့သူဆိုရင်တော့ “Mansion 24” ဆိုတဲ့စီးရီးလေးက လုံးဝကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်မှာပါဇာတ်လမ်းအကျဉ်းကတော့ အမ်ရူတာရဲ့အဖေ ရှေးဟောင်းသုတေသနပညာရှင်ကာဆီဒက်စ်ဟာ သူ့ရဲ့ဌာနကနေ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုကိုခိုးယူသွားပြီး ထွက်ပြေးသွားတယ်လို့ စွပ်စွဲခံရပါတယ် အမ်ရူတာဟာ သူ့အဖေဒီလိုမျိုး မလုပ်လောက်ဘူးဆိုတာကို အခိုင်အမာယုံကြည်ထားပေမယ့် သူ့အဖေနဲ့ဘယ်လိုမှအဆက်အသွယ်မရတဲ့အတွက် အတိအကျဘာကိုမှပြောမရဘူးဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့စုံစမ်းကြည့်လိုက်တဲ့အခါ သူ့အဖေနောက်ဆုံးသွားခဲ့တဲ့နေရာဟာလူတွေပြောကြတဲ့ သရဲတစ္ဆေတွေခြောက်လှန့်တယ်ဆိုတဲ့အိမ်ကြီးဖြစ်နေတာကို သိရှိခဲ့ရပါတယ် ဒီစွန့်ပစ်စံအိမ်ကြီးဟာဆိုရင်ဒေသခံတွေကြားမှာအတော်လေးကိုနာမည်ကြီးပြီးတော့ ဘာမြူဒါတြိဂံလိုမျိုး ဝင်သွားပြီးတဲ့သူတွေဟာ ဘယ်တော့မှအသက်ရှင်လျက်ပြန်ထွက်လာတာမတွေ့ရဘူးဆိုတဲ့ပါးစပ်ပြောပုံပြင်တွေလည်းရှိပါတယ် ဒါပေမယ့် ပျောက်သွားတဲ့အဖေဖြစ်သူကိုရှာမှဖြစ်မယ့် အမ်ရူတာ့အတွက်တော့ သူ့အဖေနောက်ဆုံးသွားခဲ့တဲ့ဒီအိမ်ကြီးကို သွားပြီးစုံစမ်းရုံအပြင်မရှိတော့ပါဘူးလူတွေပါးစပ်ဖျားနာမည်ကြီးနေတဲ့ ဒီစံအိမ်ကြီးမှာ တကယ်ပဲ တစ္ဆေသရဲတွေကျက်စားနေတာလား၊ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းပုံပြင်တွေကဘယ်လိုတွေရှိနေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်