World on Fire FHD

World on Fire

Drama War & Politics FHD 2019-09-29 7.885

“စစ်ပွဲတိုင်းဟာ အစပိုင်းမှာ မတူညီတဲ့ အကြောင်းတွေနဲ့ စတင်ခဲ့ကြပေမယ့်အဆုံးမှာတော့ အပြစ်မဲ့ ပြည်သူတွေအတွက် ရလဒ်ဆိုးတွေက အတူတူပါပဲ”တဲ့။ဒီဇာတ်လမ်းစီးရီးက ဒုတိယကမ္ဘာစစ် ကာလဝန်းကျင်ကို အခြေပြုပြီး ရိုက်ကူးထားတာပါ၊ပထမ ကမ္ဘာစစ်ကြီးအပြီးမှာ များစွာသော လူတွေဟာ နိုင်ငံစည်းလုံးရေးနဲ့အားကောင်းခိုင်မာတဲ့ ခေါင်းဆောင်ကောင်းကို လိုချင်လာခဲ့ကြတယ်။အီတလီက ဘန်နီတို မူဆိုလီနီမှ အစပြုပြီး ဂျာမနီမှာ အဒေါ့ ဟစ်တလာ၊ အင်္ဂလန်မှာအော့စ်ဝါ့ မိုးစလီ ဆိုပြီး ၁၉၂၅ နောက်ပိုင်းမှာ ဖက်ဆစ်ဝါဒီတွေ အားကောင်းလာခဲ့ပါတယ်။၁၉၃၉မှာ ဂျာမန်တွေ ပိုလန်ကို စတင် ကျုးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်အင်္ဂလန်နဲ့ ပြင်သစ်က ဂျာမနီကို တုံ့ပြန် စစ်ကြေငြာလိုက်ခြင်းနဲ့ ဒုတိယကမ္ဘာစစ်ကြီးအစပြုခဲ့ပြီး ၁၉၄၅အထိ ခြောက်နှစ်တိုင် ကြာမြင့်ခဲ့တာပါ။ နာဇီတွေဝင်ရောက်လာခဲ့ပြီးကမ္ဘာ့စစ်မီးက ဥရောပနိုင်ငံ မြို့ကြီးတွေမှာ ပျံ့နှံ့လောင်ကျွမ်းလာတဲ့အခါမှီတင်းနေထိုင်ကြတဲ့ သာမန်ပြည်သူတွေ ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာခဲ့လဲဆိုတာကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်လာတဲ့အခါပြင်ပဒဏ်ရာတွေ တင်မကဘဲ ရုပ်ပျက်ဆင်းပျက် အနိဌာရုံတွေ မြင်ရပြီး စိတ်ဒဏ်ရာရသူတွေလည်း လူကြီးလူငယ်မရွေး အမြောက်အများ ရှိတယ်ဆိုတာ မေ့မထားသင့်တဲ့ အချက်ပါပဲ။အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၊ ပိုလန်နိုင်ငံ ဝါးဆောမြို့၊ ပြင်သစ်နိုင်ငံ ပါရီမြို့၊ ဂျာမနီနိုင်ငံဘာလင်မြို့တို့ကို အခြေပြုထားပြီး ဇာတ်ကောင်တွေကို သရုပ်ဖော်ထားပါတယ်။စစ်ပွဲတွေရဲ့ အနိဌာရုံတွေ၊ အဓိပ္ပါယ်မဲ့ သေပွဲဝင်ကြရတဲ့ လက်နက်မဲ့ပြည်သူတွေ၊နှောင်ကြိုးမှတပါး အခြားဆုံးရှုံးစရာ မရှိတော့တဲ့အချိန်မှာ နှောင်ကြိုးတွေကိုပါဆုံးရှုံးလိုက်ရတဲ့ သနားစဖွယ်မိန်းမသားတွေရဲ့ ဘဝ စသဖြင့် ရသစုံလင်စွာနဲ့ကြည့်ရှုခံစားရမှာပါ။ဒီအပိုင်း ၇ပိုင်းပါတဲ့ ဇာတ်လမ်းတွဲ World On Fire : Season 1 ကို ၂၀၁၉ မှာစတင်ထုတ်လွှင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာ အကောင်းဆုံးဒရာမာဇာတ်လမ်းတွဲ၊ ဂီတနှင့်အသံဖမ်း၊ အမျိုးသမီးဇာတ်ဆောင်ဆု စတဲ့ ဆုတွေအပါNomination ငါးခုထိ ချိတ်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ၂၀၂၃ ဇူလိုင်မှာအပိုင်း ၆ပိုင်းပါတဲ့ World On Fire: Season 2 ကို ထပ်မံထုတ်လွှင့်ခဲ့ပါတယ်။ဒီစီးရီးမှာ အဓိက ဇာတ်ဆောင်မင်းသား ဟယ်ရီအဖြစ် သရုပ်ဆောင်ထားတဲ့အင်္ဂလိပ်မင်းသားချော Jonah Hauer King က တလောကမှ Disney ကထုတ်လွှင့်ခဲ့တဲ့ The Little Mermaid Live Actionမှာ မင်းသားလေး အဲရစ်အဖြစ်ပိုပြီးလူသိများလာခဲ့သူ ဖြစ်ပါတယ်။