ဟန်ဂျွန်းအို (Kim Young-Dae) က ကိုရီးယားထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်ပြီး ချောမောတဲ့ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့လူတစ်ဦးလို့ ထင်ရပေမဲ့ သိမ်ငယ်စိတ်တွေနဲ့ နေနေရတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ ဟန်မင်းအို (On Joo-Wan) ပိုင်တဲ့ Beginning Entertainment က အနုပညာရှင်တစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ ဟန်ဂျွန်းအိုက မီးသတ်သမား ဂန်ယောင်းဟွာ (Pyo Ye-Jin) နဲ့အတူ ကြော်ငြာတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ကြော်ငြာရိုက်ကူးနေစဉ်အတွင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပေမဲ့ ဂန်ယောင်းဟွာက ဟန်ဂျွန်းအိုကို ကယ်လိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂန်ယောင်းဟွာက ဟန်ဂျွန်းအိုရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကားမတော်တဆဖြစ်ပြီး ပြန်နိုးထလာတဲ့ ဟန်ဂျွန်းအိုရဲ့ခန္ဓာကိုယ်ထဲကို ဒိုဟာ (Kim Young-Dae)လို့ခေါ်တဲ့ အငြိုးကြီးဝိညာဥ်တစ်ခု ဝင်ပူးသွားခဲ့ပါတယ်။ ဒိုဟာက ရှီလာခေတ်က မျိုးရိုးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူအရမ်းချစ်ရတဲ့ ဇနီးဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒိုဟာက ဘာကြောင့် အငြိုးကြီးဝိညာဥ်ဖြစ်လာရတာလဲ… လက်ရှိ ဝိညာဥ်ပူးနေတဲ့ ဟန်ဂျွန်းအိုကရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့လာမှာလဲ… ဆိုတာတွေကို ရှေးခေတ်နဲ့ လက်ရှိခေတ်ကို အပြိုင်ပြသရင်း ဇာတ်ကြောင်းဖော်သွားမှာပဲဖြစ်ပါတယ်။