Castlevania: Nocturne FHD

Castlevania: Nocturne

Drama Sci-Fi & Fantasy Animation FHD 2023-09-28 8.301

များ​​သောအားဖြင့်ဇာတ်လမ်းတစ်ခု​ပေါက်လို့ ​နောက်ဆက်တွဲ​​တွေ ဆက်ထုတ်ရင်ဂွမ်းတာများ​ပေမဲ့ ဒီစီးရီးက​တော့ ပထမစီးရီးကို​ကောင်း​ကောင်းကြီးယှဥ်နိုင်တဲ့အ​နေအထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာ​တော့ ပထမစီးရီးကအဖြစ်အပျက်ပြီးနှစ်​ပေါင်းသုံးရာအကြာ ပြင်သစ်​နိုင်ငံရဲ့​တော်လှန်​ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ ​မြန်မာ​တွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူ​တွေငတ်ပြတ်​နေလို့ ​ပေါင်မုန့်​တောင် စာစရာမရှိဘူးဆိုပြီး ဘုရင်ကို​တောင်းဆိုချိန်မှာ ​ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီး​ဘုရင်မကပြောခဲ့ရာက​နေ လူထုအုံကြွမှုပိုဆိုးသွားပြီး ​နောက်ဆုံး ပြည်သူ​တွေဟာ နန်း​တော်ထဲအထိဝင်စီးကာ ​ဘုရင်ကို​ရော၊ ဘုရင်မကိုပါ ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မMarie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။ပြင်သစ်​တော်လှန်​ရေးအ​ကြောင်းကိုအကြမ်းဖျင်း​လေ​ပေါပြရရင်​တော့ ပြင်သစ် တော်လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ – ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်းက ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်ကိုတွန်းလှန်ခဲ့ပြီးလူတိုင်း တန်းတူ အခွင့်အရေးရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။ ​တော်လှန်​ရေးစတင်ဖြစ်ပွား​စေတဲ့အ​ကြောင်းအရင်းက​တော့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အသုံးအဖြုန်းကြီးပြီး သြဇာအာဏာကြီးမားချင်ရာက​နေ အိမ်နီးချင်းတိုင်းပြည်​တွေကိုစစ်ခနခနတိုက်လို့ စစ်စရိတ်​ထောင်းပြီးအခွန်​တွေတိုး​ကောက်၊ ကုန်​စျေးနှုန်း​တွေစကြီးလာတာ​ကြောင့်ပါ။ ​နောက်တက်တဲ့ဘုရင်​တွေဖြစ်တဲ့ လူဝီ၁၅၊ လူဝီ၁၆တို့ဟာလည်း အသုံးအဖြုန်းကြီးတဲ့ဘုရင်​တွေပါပဲ။ ပြည်သူ​တွေမွဲသထက်မွဲလာပြီး ပြည်သူ​တွေရဲ့အ​ခြေအ​နေကပိုဆိုးလာပါတယ်။ ဘုရင်ကိုကပ်ဖားနေတဲ့မှူးမတ်​တွေနဲ့ ကတ်သလစ်ဘုန်းကြီး​တွေကလည်း ​မြေ​တွေကိုအများကြီးရယူထားပြီးအခွန်မ​ဆောင်ကြ​တော့ အ​ခြေအ​နေကပိုဆိုးလာပါတယ်။ နယ်စားမြို့စား​တွေဘာလုပ်လုပ်ပြည်သူဘက်က တရားပြန်စွဲဆိုခွင့်မရှိ​တော့ မ​ကျေနပ်ချက်​တွေလည်းပိုများလာတယ်​လေ။အဲ့ဒီကာလမှာ ပြည်သူ​တွေကို အသိဥာဏ်ဖွင့်​ပေးတဲ့ပညာရှိစာ​ရေးဆရာတွေဖြစ်တဲ့ ​ဗော်လတဲယား၊ မွန်တက်စကျူး၊ ရူးဆိုးတို့ရဲ့လမ်းပြ​ပေးမှု​ကြောင့် ဘုရင်ဆိုတဲ့​ကောင်​တွေဟာ နတ်သိကြား​တွေလည်းမဟုတ်၊ မိုးကျ​ရွှေကိုယ်​တွေလည်းမဟုတ်တာကို ပြည်သူ​တွေဟာ ပိုပိုပြီးသ​ဘော​ပေါက်လာကြပြီး အုပ်ချုပ်​ရေးပိုင်းမှာလည်း ပြည်သူ​တွေပါခွင့်ရှိ​ကြောင်းသိလာရသလိုအရမ်းကိုနုံချာစုတ်ပြတ်​နေတဲ့မိမိတို့အ​ခြေအ​နေကိုပါသတိပြုလာကြတယ်။ ​နောက်​တော့၁၇၈၉မှာ ဘုရင်ဆိုတဲ့​ကောင်ဟာ သူသုံးဖြုန်းနေတာကိုကာမိဖို့အခွန်တိုး​ကောက်ဖို့အတွက်အစည်းအ​ဝေး​​ခေါ်တယ်။ ပြည်သူ့ကိုယ်စားလှယ်​တွေက ကန့်ကွက်တယ်။ ဘုရင်က စစ်တပ်နဲ့ချိန်း​ခြောက်တယ်။ ပြည်သူ့ကိုယ်စားလှယ်​တွေက လွှတ်​တော်က​နေထွက်ပြီး စင်ပြိုင်လွှတ်​တော်​ထောင်တယ်။ ​ခြေဥအသစ်​ရေးဆွဲပြီးတဲ့အထိ လွှတ်​​တော်ကိုမဖျက်သိမ်းဘူးလို့ကျိန်ဆိုကြတယ်။ ဘုရင့်လွှတ်​တော်က တခြားလွှတ်​တော်ကိုယ်စားလှယ်​တွေလည်းအမြင်မှန်ရပြီးလာပူး​ပေါင်းတယ်။ ​နောက်ဆုံး​တော့ ပြည်သူ​တွေရဲ့လွှတ်​တော်ကိုဘုရင်က အသိအမှတ်ပြုရတယ်။ ဒါ​ပေမဲ့ အင်အားသုံးဖြိုခွဲဖို့ကို​တော့ဆက်လုပ်တယ်။ လွှတ်​တော်ရဲ့ဝန်ကြီးချုပ်ကိုဖြုတ်ပစ်တယ်။ အဲ့ဒီအခါမှာ​တော့ ပြည်သူ​တွေဟာ လက်နက်​တွေရဖို့ ဗက်စတီးကိုအကျဥ်း​ထောင်ကိုတိုက်ခိုက်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို​တော်လှန်မှုစဖြစ်ပွားတယ်။ ​နောက်တော့ စည်မျဥ်းခံဘုရင်စနစ်ကို​ပြောင်းပစ်နိုင်ခဲ့တယ်။ ကျွန်စနစ်ကိုဖျက်သိမ်း​ပေးလိုက်ရတယ်။လူတိုင်းဟာ လွတ်လပ်စွာ​ပြောဆိုခွင့်၊ မဲ​ပေးခွင့်ရလာတယ်။ လူဝီဘုရင်ဟာ စည်းမျဥ်းခံဘုရင်စနစ်​အောက်မှာ အကျဥ်းသားလို​နေရလို့ပြင်သစ်နိုင်ငံရဲ့ရန်သူနိုင်ငံ​တွေနဲ့လျှို့ဝှက်ဆက်သွယ်တယ်။ ​နောက်​တော့ထွက်​ပြေးဖို့ကြိုးစားရာက​နေ ပြန်အဖမ်းခံရတယ်။ဘုရင်ကိုလူ​တွေက မယုံကြည်ကြ​တော့တာမလို့ ​တော်လှန်​ရေးသမား​တွေထဲမှာ ဘုရင့်ဂိုဏ်းနဲ့သမ္မတဂိုဏ်းဆိုပြီး၂ခုကွဲတယ်။ သမ္မတဂိုဏ်းကအာဏာရလာပြီး စည်းမျဥ်းခံဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မတစနစ်ကိုထူ​ထောင်တယ်။ ဘုရင်ကိုကွပ်မျက်ပစ်တယ်။ သမ္မတစနစ်ဖြစ်လာ​ပေမဲ့ကတ်သလစ်ဂိုဏ်းဟာ ဘာသာ​ရေးချုပ်ချယ်တယ်ဆိုပြီး အစိုးရသစ်ကိုအားမ​ပေး​တော့ဘူး။ဘုရင့်ဂိုဏ်းကလူ​တွေကလည်း ထကြွပုန်ကန်တယ်။ ​ငွေစက္ကူ​တွေကိုစည်းကမ်းမဲ့ရိုက်နှိပ်လို့ကုန်သည်​တွေကလည်း မ​ကျေမနပ်ဖြစ်လာတယ်။ ဘုရင်စနစ်ကိုဖျက်သိမ်းနိုင်ခဲ့တာမလို့ ဥ​ရောပက တခြားသက်ဦးဆံပိုင်နိုင်ငံ​တွေဟာ သူတို့ဆီမှာအလားတူအ​ရေး​တော်ပုံ​ထပ်​ပေါ်လာမှာစိုးပြီးပြင်သစ်အစိုးရကိုဝိုင်းတိုက်ခိုက်ဖို့လုပ်တယ်။ အဖက်ဖက်က ​ဘေးကြပ်နံကြပ်အ​​ခြေအ​နေ​တွေဖြစ်လာတာမလို့ ပြင်သစ်ဟာ လွတ်လပ်​ရေးကိုခနစွန့်လွှတ်ပြီး ကာကွယ်​ရေး​ကော်မတီလို့​ခေါ်တဲ့အဖွဲ့ဆီကိုအာဏာကုန်လွှဲအပ်လိုက်ရတယ်။ ​ကော်မတီဟာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်တယ်။ဘုရင့်ဂိုဏ်းသား​တွေကိုဖမ်းရင်လည်း အပြစ်မဲ့ပြည်သူ​တွေကိုပါမသင်္ကာမှုနဲ့ဖမ်းဆီးသုတ်သင်တာ​တွေလုပ်ခဲ့တယ်။ သမ္မတဂိုဏ်းမှာလည်း သမ္မတနိုင်ငံရဲ့ရန်သူမှန်သမျှကိုခပ်ကြမ်းကြမ်းနှိမ်နင်းတဲ့ဂိုဏ်းနဲ့အသတ်အဖြတ်​လျှော့ချင်တဲ့ဂိုဏ်းဆိုပြီး၂ခြမ်းကွဲတယ်။ ​နောက်​တော့ ခပ်ကြမ်းကြမ်းနှိမ်နင်းတဲ့ဂိုဏ်းက လွှမ်းမိုးသွားပြီး ကျန်ဂိုဏ်းကလူ​တွေကိုပါနှိမ်နင်းသတ်ဖြတ်ပစ်တယ်။သမ္မတအစိုးရဟာ ပြည်တွင်းပြည်ပရန်သူများကို မညှာမတာနှိပ်ကွပ်တယ်။ ပရပ်ရှားနှင့် ဩစတြီးယားစစ်တပ်များရဲ့ကျူးကျော်စော်ကားမှုကိုလည်း တွန်းလှန်ခဲ့တယ်။ ပြည်တွင်းပြည်ပရန်များ ကင်းရှင်းလာ​တော့လူထုဟာ သတ်ဖြတ်မှုများကို ညည်းငွေ့လာကြတယ်။ ​ကော်မတီ​ခေါင်း​ဆောင်အပါအဝင်တယူသန်​သမား​တွေကိုသတ်ပစ်လိုက်တယ်။ ပြီး​တော့ ​ခြေဥသစ်​ရေးဆွဲပြီး အစိုးရအသစ်တက်လာတယ်။ ​ခေါင်း​ဆောင်ငါးဦးပါလို့ ​ငါးဦးအစိုးရလို့​ခေါ်ကြတယ်။ ငါးဦးအစိုးရလက်ထက်မှာ ပြည်ပရန်​တွေကိုနိုင်နင်းခဲ့​ပေမဲ့ ပြည်တွင်းမငြိမ်မသက်မှုကိုမထိန်းသိမ်းနိုင်ခဲ့ဘူး။ ငါးဦးကိုယ်တိုင် ​ဖောက်ပြားလာခဲ့တယ်။ ​နောက်​တော့ နပိုလီယံက အာဏာသိမ်းလိုက်​တော့တယ်။ အဲ့မှာပဲ ပြင်သစ်​တော်လှန်​ရေးကလုံးဝဇာတ်သိမ်းသွားရတာ​တော့တယ်။ဒါက​တော့ ပြင်သစ်​​တော်လှန်​ရေးအကြမ်းဖျဥ်းပါ။ အကြမ်းဖျဥ်း​တောင်မှ ​​ရေးရတာ​တော်​တော်ကိုရှည်ပါတယ်။ ????ရေးတာကရှည်​နေပြီဆို​တော့ ဇာတ်လမ်းအကျဥ်းကိုအများကြီးထပ်မ​ရေး​တော့ဘူး။အ​ပေါ်မှာ​​ရေးထားတဲ့​တော်လှန်​ရေးကြီးမှာ ​သွေးစုပ်ဖုတ်​ကောင်​တွေက မင်းစိုးရာဇာ​တွေဘက်မှာပါတယ်ဆိုပြီးဇာတ်လမ်းဆင်ထားတယ်လို့ပဲ​ပြောပါရ​စေ။