2021 မှာ စထုတ်လွှင့်ခဲ့ပြီး ဒီနှစ်မှာလည်း Season 2 ပြသနေဆဲ ဇာတ်လမ်းတွဲကောင်းပါပဲ။ ကောင်းတယ်ဆိုတာက ခင်ဗျား ဘယ်လိုအမျိုးအစားနဲ့ ယှဉ်လဲအပေါ်မူတည်ပါတယ်။ Sherlock တို့၊Breaking Bad တို့လို တကယ့်ပါဖက်ရှင်နစ်ဖြစ်နေတဲ့ စီးရီးတွေနဲ့ ယှဉ်ရင်တော့ကောင်းတယ်ပြောဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ Supernatural တို့လို စီးရီးတွေနဲ့ ယှဉ်ရင်တော့ ကောင်းတယ်ပြောရပါမယ်။Supernaturalကို ထည့်ပြောရတဲ့အကြောင်းရင်းကလည်း ဒီစီးရီးက Supernaturalဆန်နေလို့ပါပဲ။ သရဲလိုက်ရှာ သရဲဇစ်မြစ်ရှာ သရဲသတ် ဒါတွေပေါ့။ သရဲသတ်တယ်ဆိုတာထက်သရဲရဲ့မပြီးသတ်သေးတဲ့ကိစ္စတွေကို ရှင်းပေးပြီး နောက်ဘဝကူးနိုင်အောင် ကူညီပေးတယ်လို့ပါပြောရမလားပဲ။ ဒါပေမဲ့ မတူတာက သူက ပလိန်းကြီး လိုက်ရှာလိုက်ဖမ်း လိုက်သတ်နေတာတော့မဟုတ်ဘူး။မင်းသားအလုပ်က အိမ်ပွဲစား။ အိမ်ပွဲစားဆိုပေမဲ့ သူတို့က သရဲခြောက်တဲ့အိမ်တွေနဲ့ မကင်းတဲ့အလုပ်တွေလုပ်တာ။ သူတို့က သရဲခြောက်တဲ့အိမ်တွေကို သရဲခြောက်တဲ့အိမ်တွေလို့မသုံးဘူး၊ SurrealEstatလို့ သုံးတယ်။ သရဲခြောက်တဲ့အိမ်ဆို အိမ်ဈေးကျသွားမှာကိုး။ သဘာဝလွန်အိမ်ခြံမြေပဲ ထားပါတော့။ ဒီဘဲက အဲဒီလိုအိမ်တွေကို သရဲရှင်းပေးပြီး ဈေးကောင်းကောင်းနဲ့ရောင်းလို့ရအောင် လုပ်ပေးတာ။အများအကျိုးလည်းဆောင် ကိုယ်ကျိုးလည်းအောင်ပေါ့။ သူ့မှာလည်း ထူးခြားတဲ့ ဘဝပေးအခြေအနေရှိတယ်။ သူ့အမေကလည်း အဲဒီလို သရဲခြောက်တဲ့အိမ်တစ်လုံးထဲ ထူးထူးဆန်းဆန်းပဲ ဝင်ပြီးပျောက်သွားသလို သေသွားတဲ့သူ့အဖေကိုလည်း သူတစ်ခါတလေဆို စကားတွေပြောဖြစ်တယ်။သရဲခြောက်တဲ့အိမ်တွေကို သူတို့ဖြေရှင်းပုံတွေကလည်း ဆန်းတော့ဆန်းတယ်။ များသောအားဖြင့်တော့ သရဲခြောက်ခံရတဲ့အိမ်တွေရဲ့ပိုင်ရှင်တွေက သရဲရှိလို့ရှိမှန်းတောင် မသိလိုက်တာတွေရှိတယ်။ပြောရရင် သူတို့က ဒီအဖြစ်တွေကို သာမန်လူတွေနဲ့ကင်းကွာနိုင်သလောက် ကင်းကွာနိုင်အောင်ထားပြီး သူတို့ဘာသာဖြေရှင်းလိုက်တာကများတယ်။ အိမ်ရဲ့သမိုင်းကြောင်း နောက်ခံဘာညာ သရဲရဲ့စွမ်းအားအမျိုးအစား ဘာညာကို ဒေတာဘေ့စ်တွေကိုအသုံးချ သေချာသုတေသနလုပ်ပြီးမှ ဖြေရှင်းကြတာ လက်နက်တွေဘာတွေရယ်လို့လည်း မရှိပေမဲ့ Ghostbusters ဆန်ဆန် Gadgetsအဆန်းတွေတော့သုံးတယ်။နာမည်ကြီး စကားတွေ နာမည်ကြီးရုပ်ရှင်တွေကိုလည်း Ref ထားတယ်။ သူ့အမျိုးအစားထဲမှာမှ နာမည်ကြီးဖြစ်တဲ့ The Exorcist ကိုတောင် ref သွားပါသေးတယ်။ Supernatural ဆန်ဆန်သရဲဖမ်းတဲ့ဇာတ်ကိုမှ အင်းနားလော့ဂျစ်ကောင်းကောင်းလေးနဲ့ သေသေသပ်သပ်ရိုက်ကူးထားတဲ့ စီးရီးကိုကြည့်ချင်ရင်တော့ ဒီစီးရီးကို လက်မလွှတ်သင့်ပါဘူး။