Invincible FHD

Invincible

ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်ကတွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။စူပါပါဝါတွေက The Boysထဲက အများစုရဲ့ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလိုစွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်းပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေကအတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီးမျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင်အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင်မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီးကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ဆွသွားတာကိုပါပဲ။Fanတွေ လက်ရှိမှာ အမျိုးမျိုးတွေးနေကြပေမဲ့သူတို့ကိုယ်တိုင်လည်း သူတို့မထင်တဲ့ အဖြေတစ်ခုဖြစ်လာမယ် မျှော်လင့်နေကြတယ်။ စူပါဟီးရိုးကားအနေနဲ့မဟုတ်ရင်တောင် အတော်လေးတော့စိတ်ကျေနပ်စရာကောင်းတဲ့ကားပါပဲ။Invincibleဟာ လက်ရှိမှာ 2021ရဲ့ အကောင်းဆုံးစူပါဟီးရိုးဇာတ်လမ်းတွဲအဖြစ်သမုတ်ခံနေရသလိုကြည့်ရှုသူနှုန်းအများဆုံးကားအဖြစ်ရပ်တည်နေတယ်။