Mumbai Diaries मुंबई डायरीज FHD

Mumbai Diaries मुंबई डायरीज

Drama Mystery FHD 2021-09-09 6.7

အချိန်အတော်ကြာတောင်းဆိုနေကြတဲ့ အကောင်းစားအိန္ဒိယမှုခင်းဒရာမာစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။9/11က စက်တင်ဘာလ ၁၁ရက်နေ့မှာ နယူးယောက်က အမွှာမျှော်စင် အကြမ်းဖက်ခံလိုက်ရတဲ့နေ့ပေါ့။ဒီမွန်ဘိုင်းဒိုင်ယာရီကတော့ 26/11…၊ နိုဝင်ဘာ ၂၆ရက်နေ့ညမှာ မွမ်ဘိုင်းမြို့အကြမ်းဖက်ခံရမှုကို အခြေခံထားပြီးပြန်လည်ရိုက်ကူးထားတဲ့ စီးရီးပေါ့။Amazon Prime Videoကနေ ၂၀၂၁ခုနစ်မှာ အပိုင်း၈ပိုင်းနဲ့ပထမတွဲထွက်ရှိထားပြီးအခု ၂၀၂၃ခုနစ်မှာ အပိုင်း၈ပိုင်းနဲ့ပဲ ဒုတိယတွဲထပ်မံထုတ်လွှင့်ခဲ့တဲ့အတွက် နှစ်တွဲလုံးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။စက်တင်ဘာလထဲတုန်းက ကျွန်တော်တို့ချယ်နယ်မြန်မာကနေ တင်ဆက်ပေးခဲ့ပြီးအကြိုက်တွေ့ခဲ့ကြတဲ့ The Freelancer(2023)နာမည်နဲ့ အက်ရှင်စီးရီးထဲကဇာတ်လိုက်ကျော်မင်းသားကြီး မိုဟစ်ရိန်နာက ဒီဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ မွမ်ဘိုင်းမြို့အကြမ်းဖက်ခံလိုက်ရတယ်။အကြမ်းဖက်သမားတွေ နေရာစုံမှာဖောက်ခွဲဖျက်ဆီးနေတာတွေထဲကမှ အဓိကအနေနဲ့ ဘုံဘေအထွေထွေရောဂါကုဆေးရုံကြီးကို အကြမ်းဖက်ခံရတာကိုတင်ပြထားပါတယ်။ဆေးရုံထဲမှာရှိနေကြတဲ့ ဆရာဝန်တွေ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ကြရပုံသူတို့တွေကြားထဲက မိသားစုပြဿနာတွေ သူငယ်ချင်းမိတ်ဆွေတွေကြားထဲက သံယောဇဉ်ချစ်ခြင်းတရားတွေကို ကြည့်မြင်ခံစားကြရမှာပါ။ဆေးရုံမှာတက်နေတဲ့ အမေကြီးပြောတဲ့ ဘာသာတရားတိုင်းဟာ ချစ်ခြင်းမေတ္တာကို အခြေခံပါတယ်လူတစ်ယောက်ကို သူကိုးကွယ်တဲ့ဘာသာနဲ့မဆုံးဖြတ်ပါနဲ့ သားရယ်ဆိုတာကိုတွေ့တော့My Name Is Khan(2010)ထဲမှာ ဘာသာရေးအထိကရုဏ်းတွေဖြစ်တော့ ရှာရွတ်ခန်းအမေနေရာက ရာဇီယာခန်းပြောတာ သတိရမိတယ်။“တစ်ခုမှတ်ထား သား..လောကမှာ လူနှစ်မျိုးပဲရှိတယ်ကောင်းတာလုပ်တဲ့လူရယ် မကောင်းတာလုပ်တဲ့လူရယ်လူရယ်လို့ဖြစ်လာရယ် အဲဒါပဲကွဲပြားတယ် တခြားဘာခြားနားမှုမှမရှိဘူး”တဲ့။ဒီတော့ အခုတင်ဆက်ပေးတဲ့ စီးရီးလေးကိုကြည့်ရှုခံစားရင်း မကောင်းတာတွေပယ်ကောင်းတာတွေပဲသယ်ဆောင်တတ်တဲ့စိတ်လေးမွေးကြပါစို့လား။