လိုင်လာက ဘီလူးမိဖုရာကြီးရဲ့ သမီးပါSeason 1 တုန်းက ဘီလူးတိုင်းပြည်မှာ မအေးချမ်းလို့ လိုင်လာကို လူ့ပြည်မှာ နေဖို့ငယ်ငယ်လေးကတည်းက မာလီ့ဆာလို့ခေါ်တဲ့ အမျိုးသမီးအိမ်မှာ လာထားသွားပါတယ်လိုင်လာက ဘီလူးသွေးပါတဲ့အတွက် ငယ်ငယ်လေးကတည်း စွမ်းအားရှိပါတယ်လူတွေကို ကယ်တင်ပေးတဲ့ ဟီးရိုးဆိုလည်း မမှားပါဘူးSeason 2 မှာတော့ လိုင်လာ အသက်အရွယ်ရလာတော့ ဘီလူးတိုင်းပြည်ရဲ့ မိဖုရားအဖြစ် တင်မြောက်ဖို့ သူ့ကို ပြန်လာခေါ်ပါတယ်လိုင်လာကို ခေါ်သွားတဲ့နေ့မှာပဲ အန်ထိကာလို့ ခေါ်တဲ့ ဘီလူးမကြီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်မိဖုရားကိုယ်တိုင် ခုခံပေမဲ့ ကျရှုံးမှုနဲ့ ကြုံခဲ့ရပါတယ်ဆိုတော့ လိုင်လာ မိဖုရားကြီးနေရာမှာ ဆက်ခံနိုင်ဦးမလားဘီလူးတိုင်းပြည်ကိုရော ဘယ်လို ကာကွယ်သွားမှာလဲ စောင့်ကြည့်လိုက်ရအောင်