Akuma Kun  悪魔くん FHD

Akuma Kun 悪魔くん

ဒီဇာတ်ကားထဲမှာ photosensitive scenes များစွာပါဝင်ပါတယ်anime ပရိသတ်ထဲမှာ supernatural နဲ့ sherlock ဖန်တွေရှိကြလားမသိဘူးအခုတင်ဆက်ပေးမဲ့ စီးရီးကတော့ အဲ့နှစ်ခုကိုရောထားတဲ့ ဖီလင်မျိုးကို ရရှိမှာဖြစ်ပါတယ်အဓိကဇာတ်ကောင် အာကူးမားကွန်က နတ်ဆိုးကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့လူသားတစ်ယောက်နှစ်တစ်ထောင်မှာ တစ်ယောက်ပဲပေါ်တဲ့ ဂျီးနီးယပ်စ်သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်လဲဟုတ် မိတိဆွေဆိုလဲဟုတ်တာကမယ်ဖီသတို သုံး(၃) လို့ခေါ်တဲ့ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းကောင်လေးသူတို့နှစ်ယောက်တူတူနေပြီး ဘာလုပ်တာလဲဆိုတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းစုံစမ်းပေးတာဘယ်လိုလဲပရိသတ်ကြီး အထာက ဆမ်နဲ့ဒင်းလိုလို ရှားလော့ခ်နဲ့ဒေါက်တာဝပ်ဆင်လိုလိုနဲ့221B ဘေကာလမ်းကိုတောင် သတိရမိသွားတယ်မလားအဓိကဗီလိန်ကြီးမလာခင် အပိုင်းတိုင်းမှာ ဖြေရှင်းစရာလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ဖြစ်ပြီးစိတ်ဝင်စားစရာနဲ့ တစ်ဆင့်ချင်းဆွဲခေါ်သွားတာမို့ ဇာတ်လမ်းကတော့ သောက်ရမ်းလန်းကြောင်း ပြောပါရစေဒီစီးရီးကို Netflix ကနေ တာဝန်ယူဖန်တီးထားပေးတာဖြစ်ပြီး အန်နီမေးရှင်းစတိုင်က လုံးဝကို old school vibe နဲ့ဟာသလိုလိုကလေးကြည့်လိုလို ဆွဲထားပေမဲ့ နတ်ဆိုးတွေပေါ်လာတဲ့အခန်းတွေကတော့ သွေးထွက်သံယိုဖြစ်တဲ့အပြင်မိဘက သားသမီးကို သတ်တဲ့အကွက်လို စောင်ဆန်းကြီးဇာတ်ဝင်ခန်းတွေလဲ ပါတာမို့ R Rated မိသားစုနဲ့မကြည့်ရှုရန်ဖြစ်ကြောင်းပါခင်ဗျာကလေးများကိုလဲ အသက်မပြည့်ရင် အရုပ်လေးတွေချစ်စရာဆိုပြီးသွားမပြပါနဲ့ခင်ဗျာ