ကျွန်တော်တို့ကမ္ဘာကို အလင်းဓာတ်ပေးနေတဲ့ နေမင်းကြီးဟာ နေ့စဥ်နေ့တိုင်း သစ္စာမပြတ်ဘဲ မနက်ဆိုထွက်လာပြီးအလင်းပေး၊ ညဆိုရင် ပြန်ဝင်သွားပြီး အနားယူတယ်လို့ တင်စားကြသတဲ့။ နေလုံးကြီးဟာ ကမ္ဘာမြေကြီးရဲ့မိတ်ဆွေအဖြစ် ဒီလိုမျိုးပဲ နေထိုင်လာခဲ့တာဟာ နှစ်ပေါင်းဘီလီယံနဲ့ ချီနေခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုမျိုးအကြီးမားဆုံးသော မိတ်ဆွေကြီးက တစ်နေ့မှာ အန္တရာယ်ပြုလာမယ် ဆိုရင်ရော??? အဏ္ဏဝါဗေဒပညာရှင် အာမန်ဟာ သုတေသန မစ်ရှင်တစ်ခုအတွက် ရေငုပ်သင်္ဘောပေါ်ကို ရောက်လာခဲ့ပါတယ်။ အာမန်တစ်ယောက် ရေငုပ်သင်္ဘောထဲရှိနေချိန်မှာ ကမ္ဘာမြေပေါ်ကလူတွေဟာ နေရောင်ခြည်ကြောင့် စတင်သေဆုံးလာခဲ့ပါတယ်။