Wonderland of Love ဇာတ်သိမ်းသွားတော့ သိုင်းကားဘာကြည့်ရမလဲမသိယောင်ချာချာဖြစ်နေသူလေးတွေအတွက် ကိုကိုLiu Yu Ningရဲ့သိုင်းကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းလေးကတော့……အန်းတိုင်းပြည်ကကိုယ်ရံတော် ရန်ရူယိ ဟာ အကြောင်းတိုက်ဆိုင်တော့ဝူတိုင်းပြည်ရဲ့သံတမန်အဖွဲ့နဲ့အဖွဲ့လေးတစ်ဖွဲ့ဖြစ်သွားပါတယ်။ဝူတိုင်းပြည် လျို့သောက်ဂိုဏ်းခေါင်းဆောင် နင်ယွမ်ကျိုး၊ လေလွှင့်နေပြီးပေါ့ပေါ့ပါးပါးနေတတ်တဲ့ ယွီရှီစန်း၊ မင်းသမီးလေး ယန်ရင်၊ထက်မြက်သွက်လက်တဲ့လူငယ်လေး ယွမ်လု၊ တော်ဝင်ကိုယ်ရံတော် ချန်ကျောင်း။နောက်ကြောင်းရာဇဝင်အမျိုးမျိုးနဲ့ သူတို့(၆)ယောက်ဟာစိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့လမ်းကိုအတူလျှောက်ရင်းအခက်အခဲတွေအတူကျော်ဖြတ်ပြီး အတူရင့်ကျက်လာကြတဲ့ခရီးစဉ်အကြောင်းပဲဖြစ်ပါတယ်။ယောင်္ကျားတွေရဲ့အချစ်ကိုမယုံပေမယ့် ဝတ္တရားအရ ကိုယ်ပိုင်ကလေးလိုချင်တဲ့မမရန်ရူယိကြောင့် ဓားလှံတွေနဲ့တိုက်ခိုက်တဲ့ကြားကချစ်ခြင်းမေတ္တာတွေကိုလဲစောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်