ဒီဇာတ်လမ်းလေးကတော့ ဘန်ကောက်မှ အနေကြာတော့မြို့ကြီးသူ ဖြစ်နေတဲ့ ကျပ်စ် /ဂျင်နီး နဲ့ တောမှာ ကြီးပြင်းလာတဲ့ ထျူခေါင်တို့ရဲ့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးပါတစ်နေ့ ကျပ်စ် ရွာက သူ့အဘိုးဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်ရွာဆိုတော့ လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ ကျပ်စ် တစ်ယောက် စိတ်ညစ်ရတာပေါ့အဘိုးအိမ်ကို ရောက်ဖို့ သူ့ဆီလာတဲ့ကားက မရောက်တော့ကားပေါ်ကဆင်းပြီး လာကြိုဖို့ သူ့အဘိုး လွှတ်လိုက်တဲ့သူကို စောင့်ရပါတော့တယ်သူ့အဘိုး လွှတ်လာတဲ့ သူက ထျူခေါင်ပါထျူခေါင်က ကျပ်စ်နဲ့ ငယ်ငယ်လေးကတည်းက ဆော့ကစားဖူးတဲ့သူပါသို့ပေမဲ့ ကျပ်စ် ဘန်ကောက်ပြောင်းသွားတော့ သူတို့မဆုံဖြစ်ခဲ့ကြပါဘူးပြန်တွေ့ကြတော့ တစ်ယောက်နဲ့တစ်ယောက် မမှတ်မိပဲ ပြဿနာဖြစ်လိုက်ကြပါသေးတယ်ဆိုတော့ ရွာမှာနေပြီး ကျပ်စ် တစ်ယောက် ဘယ်လိုအလွဲတွေလုပ်မှာဆိုတာမတည့်အတူနေ ကျပ်စ်နဲ့ထျူခေါင်တို့ ဘယ်လို မေတ္တာမျှသွားကြမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ