အားလုံးရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ လီဂွမ်ဆူ၊ ဂင်ဝူဘင်၊EXO’s D.O. နဲ့ ဂင်ဂီဘန်းတို့ရဲ့ ရှိုးအသစ်လေး ထွက်ရှိလာပါပြီနော်။ဒီရှိုးလေးရဲ့မစ်ရှင်ကတော့ တစ်ခုတည်းရှိတာဖြစ်ပြီး ပါဝင်သူတွေဟာလယ်ကွင်းတစ်ခုထဲမှာ သီးနှံပင်တွေ စိုက်ပျိုးပြီး ရိတ်သိမ်းကြရမှာဖြစ်ပါတယ်။အနုပညာလောကထဲမှာပဲ ကျင်လည်လာခဲ့ကြတဲ့ ဒီညီအစ်ကိုချောချောလေးတွေကလယ်ထဲမှာ ဘယ်လိုတွေအလုပ်လုပ်ရင်း ဘယ်လိုသီးနှံတွေကို စိုက်ပျိုးရိတ်သိမ်းသွားကြမလဲဆိုတာအပြင်သေချာပေါက် ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုရမယ့် Healing ရှိုးလေးဖြစ်မှာမို့ ကြည့်ရှုလိုက်ကြပါဦးနော်။