ဒီဇာတ်ကားလေးကတော့ Hidden Love , love like the Galaxy ,Who rules the world စတဲ့ Hit ဖြစ်တဲ့ Drama တွေချည်းတန်းစီထွက်ထားပြီးသရုပ်ဆောင်ပိုင်းမှာ အနုရော အကြမ်းရောရတဲ့ နာမည်ကြီးမင်းသမီးလေး Zhao Lusi ရဲ့ပထမဆုံး ရှန်းရှဇာတ်လမ်းဖြစ်ပါတယ် ။ မင်းသမီး Zhao Lusi ဦးဆောင်ပါဝင်ထားပြီးတွဲဖက်မင်းသားအဖြစ် မင်းသား Wang AnYu နှင့် တခြားသောနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့ S+ ရှန်းရှ drama လေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ Ancient Love Poetry ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ရှန့်ကူနဲ့ပိုင်ကျွယ်တို့ရဲ့သားလေး ယွင်ချီနဲ့ သူအပင်ပန်းခံမွေးထားတဲ့ဝိဉာဥ်ရေသားရဲလေး အားယင်တို့ရဲ့ အချစ် ၊ အမုန်း ၊ ဟာသ ၊ပြဿနာများနှင့် ရသစုံဇာတ်လမ်းလေးလည်းဖြစ်ပါတယ် ။အကြောင်းအရင်းအမျိုးမျိုးကြောင့် စွမ်းအားတွေချိတ်ပိတ်ခံထားရတဲ့ မင်းသားယွင်ချီ ၊ဥကနေအကောင်ပေါက်လာတဲ့အားယင်တို့နဲ့အတူ မြေခွေးမျိုးနွယ်စုမှမင်းသားလေး ဟုန်ရိ ၊ သိမ်းငှက်မျိုးနွယ်စုမှမင်းသမီးယန့်ရွှမ်တို့အမတပစ္စည်းတစ်ခုကို အတူလိုက်ရှာဖို့အကြောင်းဖန်လာချိန်မှာတော့…ဝိဉာဉ်သားရဲသာဖြစ်ပေမဲ့ ထင်ထားတာထက် ပိုပြီးအစွမ်းထက်နေတဲ့အားယင်ရဲ့ဇစ်မြစ်ကရောဘာများဖြစ်နေမလဲ ? မိစ္ဆာဘုံ ၊ လူ့ဘုံနဲ့ နတ်ဘုံတို့ရဲ့အရှုပ်အထွေးတွေကြား ယွင်ချီတစ်ယောက် အားယင်ကိုကာကွယ်ရင်းသုံးလောကကိုရောဘယ်လိုကယ်တင်သွားမလဲ ? သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကရော ဘယ်လိုမျိုး ဝမ်းနည်းဖွယ် ၊ ကြည်နူးဖွယ် ရသစုံခံစားရမလဲဆိုတာကိုThe Last Immortal ဇာတ်လမ်းလေးကို အတူကြည့်ရင်းယွင်ချီနဲ့အားယင်တို့ရဲ့ခရီးရှည်ကြီးကို အတူတူလိုက်ပါခဲ့ကြဖို့ပရိတ်သတ်ကြီးကို ဖိတ်ခေါ်လိုက်ပါရစေ