တစ်ခါလာလည်း တစ်ယောက်နဲ့အယောက် ၁၀၀ ချ တစ်ခါလာလည်း သီချင်းလေးဆိုပြီးကနေတဲ့ဘောလိဝုဒ်ကားတွေ ငြီးငွေ့လှပါပြီဆိုတဲ့ CM ပရိသတ်တို့ တစ်ခါကြည့်မိ တစ်သက်စွဲငြိသွားမယ့်Horror Thriller စီးရီးလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး graphic novelကိုအခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ |အဝေးပြေးလမ်းမကြီးရဲ့ဘေးနားလေးမှာ လူမသိသူမသိ စွန့်ပစ်ရွာလေးတစ်ရွာဖြစ်တဲ့ကတ်တီရယ်ရွာလေး၊ အမြန်လမ်းမကြီးရဲ့ လမ်းအခွဲလေးတစ်ခုဘေးမှာဖြစ်တာကြောင့်လူသူအရောက်အပေါက်နည်းတယ်လို့သာ အပြင်လူတွေက သိထားကြပေမဲ့ ရွာနီးစပ်ချုပ်ကလူတွေကတော့ နာမည်ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသတဲ့။အကြောင်းကတော့ ဒီရွာမှာ သရဲတစ္တေတွေကျက်စားတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရွာပျက်ကြီးဟာ အဝင်ရှိပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမရှိလို့ပါပဲ။ဒေါက်တာဂေါ်သမ်တစ်ယောက် သမီးလေးနဲ့မိန်းမကိုခေါ်ပြီး ချန်နိုင်းကိုသွားဖို့ အဝေးပြေးလမ်းကနေ ကားနဲ့ထွက်လာတာပေါ့။ဖြစ်ချင်တော့ လမ်းမှာကားမှောက်ထားလို့ ရဲမှုရဲခင်းစစ်ဆေးနေတာနဲ့ကြုံပြီး လမ်းပိတ်တာနဲ့တိုးပါတော့တယ်။ အမှုစစ်တာကြာဦးမှာကိုမစောင့်ချင်တဲ့ဒေါက်တာဂေါ်သမ်တစ်ယောက် သူ့ဘဝအတွက် အိပ်မက်ဆိုးဖြစ်လာမယ့်ဆုံးဖြတ်ချက်ကိုချပြီး ကတ်တီရယ်ရွာကိုဖြတ်သွားရတဲ့လမ်းခွဲကနေ ချန်နိုင်းကိုခရီးဆက်ဖို့လုပ်ပါတော့တယ်။ လမ်းကသံချောင်းတွေကြောင့် ကားဘီးပေါက်သွားတော့ ဂေါ်သမ်တစ်ယောက်မိန်းမနဲ့သမီးလေးကို ကားပေါ်ထားခဲ့ပြီး အကူအညီတောင်းဖို့ ရွာနီးစပ်ချုပ်ကို အကူအညီလာတောင်းမှ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကတ်တီရယ်ရွာအကြောင်း သိလိုက်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ အားလုံးအတူ ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။