ယူအီးလ်အထက်တန်းကျောင်းက အထက်တန်းဒုတိယနှစ် အခန်း၃ကကျောင်းသားတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာရေးခရီးထွက်ရင်းသူတို့ဖုန်းထဲကို ထူးဆန်းတဲ့ message တစ်ခုဝင်လာပါတယ်။အဲဒါကတော့ အပျော်တမ်းမဟုတ်ဘဲ တကယ့် အသက်နဲ့ပါရင်းပြီးမာဖီးယားဂိမ်းကစားဖို့ပဲ ဖြစ်ပါတယ်။အပျော်တမ်းကစားနေကြ လူသတ်ဂိမ်းကနေ ရုတ်တရက် သူတို့အသက်နဲ့ပါရင်းပြီး ကစားရတဲ့အခါ…သူတို့ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ…တကယ်ရော လွတ်မြောက်နိုင်ပါ့မလား…ဆိုတာတွေကို ဂိမ်းဆန်ဆန်နဲ့ အသည်းတထိပ်ထိပ်ကြည့်ရမှာဖြစ်ပါတယ်။