Death’s Game 이재, 곧 죽습니다 FHD

Death’s Game 이재, 곧 죽습니다

Drama Sci-Fi & Fantasy FHD 2023-12-15 10

2023 ကုန်ခါနီးလေးမှာတင် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး webtoon ဖြစ်တဲ့ “ I will die soon” ကို အခြေခံရိုက်ကူးထားပြီးပရိတ်သတ်အချစ်တော် Seo In-guk ကိုယ်တိုင်main cast အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်လမ်းတွဲလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ခုနစ်နှစ်ကြာ အလုပ်ရှာမရဘဲ အလုပ်လက်မဲ့အဖြစ်နဲ့ နေလာရတဲ့ Choi Yi-jae(Seo In-guk) ဟာအသက်ဆက်ရှင်လိုတဲ့ ဆန္ဒပျောက်ဆုံးပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အဲဒီနောက် ငရဲကို မကျရောက်ခင်လေးမှာ သေခြင်းတရား (Park So-dam)ရဲ့ ပြစ်ဒဏ်စီရင်မှုကြောင့် Choi Yijae(Seo In-guk) တစ်ယောက်နောက်ထပ် ၁၂ ကြိမ်တိုင်တိုင် လူပြန်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။၁၂ ကြိမ်တိတိ ဘယ်လိုခန္ဓာမျိုးနဲ့ပဲ နိုးထလာလာ သေဆုံးရမှာဖြစ်ပြီး အဲဒီ နာကျင်မှုတွေကိုအလူးအလဲ ခံစားရတဲ့ လူတစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုရှိရှိ ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။Main Cast တွေရဲ့ သရုပ်ဆောင်ချက်တွေကလည်း မိမိုက်လှတဲ့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်တွေကပါ Supporting Role တွေ Guest တွေအဖြစ်နဲ့လည်းလူစုံတက်စုံ ပေါ်ထွက်လာဦးမှာဖြစ်လို့ ကြည့်ရတာ အရမ်းတန်ပြီး လုံးဝကို လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။စုစုပေါင်း အပိုင်း ၈ ပိုင်းပါဝင်ပြီးတော့ 2023,December 15 ရက်နေ့မှာအပိုင်း ၄ ပိုင်းအနေနဲ့ ပထမတစ်ဖြတ် ထွက်ရှိလာမှာဖြစ်ပြီး ကျန်တဲ့အပိုင်း ၄ ပိုင်းကိုတော့ 2024, January 5 ရက်နေ့မှာ ထွက်ရှိသွားမယ်လို့ သိရှိရပါတယ်။