ဒီတစ်ခါတော့ စိတ်ကူးယဉ်ဆန်ဆန် လျှို့ဝှက်ဆန်းကြယ် ပိုလန်စီးရီးလေးတစ်ခုကို မြည်းစမ်းကြည့်ရအောင်ပါ။ ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ Alex ဟာ အိပ်မက် ဆိုးတွေ အမြဲမက်လေ့ရှိတဲ့သူပါ။ မတော်တဆမှုတွေဖြစ်တိုင်း တခြားလူတွေအကုန်သေကုန်ကြပေမဲ့ Alex ကတော့ ထူးထူး ဆန်းဆန်း သူတစ်ယောက်တည်း အမြဲ ဘေးမသီရန်မခ လွတ် လာလေ့ရှိပါတယ်။ အဲဒီအကြောင်း ကျောင်းက ပရော်ဖက်ဆာ တစ်ယောက်ကသိသွားပြီး Alex ကို သူ့သုတေသနအဖွဲ့ထဲ ဆွဲထည့်ပါတော့တယ်။