Code M FHD

Code M

Drama Mystery FHD 2020-01-15 6.5

အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်တစ်နေရာမှာ အကြမ်းဖက်သမားနှစ်ယောက်နဲ့ အိန္ဒိယစစ်သားတွေ ပစ်ခတ်မှုဖြစ်ကြပြီး အကြမ်းဖက်သမားနှစ်ယောက်နဲ့အတူ စစ်တပ်ဘက်က မေဂျာတစ်ယောက်လည်းတိုက်ပွဲကျသွားခဲ့ပါတယ်။ဒါဟာ သာမန်အမှုလိုဖြစ်နေပေမဲ့ သေဆုံးသွားတဲ့ အကြမ်းဖက်သမားရဲ့ မိခင်ဖြစ်သူက သူ့သားဟာ အကြမ်းဖက်သမားမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတာကြောင့်အခြေအနေတွေရှုပ်ထွေးသွားခဲ့တဲ့အတွက် ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းမှန်ကိုစုံစမ်းဖို့ စစ်ဘက်စုံထောက်မလေး မေဂျာမိုနီကာကိုအထက်ကနေ တာဝန်ပေးလိုက်ပါတယ်။မေဂျာ မိုနီကာတစ်ယောက် အဲဒီပစ်ခတ်မှုအကြောင်းကို စုံစမ်းရင်း နောက်ကွယ်က ရှုပ်ထွေးမှုတွေကို တဖြည်းဖြည်း ရှာတွေ့လာပုံကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲဟာမှုခင်းဒရာမာပီပီသသပဲ ဇာတ်လမ်းကိုဆွဲခေါ်သွားပြီး ဇာတ်လိုက်မင်းသမီးကလည်း ရေလည်လန်းတာမလို့ အိန္ဒိယမှုခင်းပရိသတ်တွေ အကြိုက်တွေ့ကြမယ့်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်…။