Unshakable Faith FHD

Unshakable Faith

Mystery FHD 2023-12-12 9

1950 ခုနှစ်မှာ မျိုးချစ်သိပ္ပံပညာရှင် အန်းဝိန်ရှန်းဟာ တိုင်းတပါးကသမာသူတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာကြောင့် အမိမြေကိုပြန်လာဖို့ အခက်အခဲရှိတဲ့အတွက်သုတေသနလုပ်ထားတဲ့အချက်အလက်အားလုံးကိုဂျူနီယာဖြစ်တဲ့သင်္ချာပါရဂူဘွဲ့ရ ပညာတော်သင်ကျောင်းသား ကျိသန်းယန် (Liu Xue Yi) လက်ထဲကို အပ်ပြီးပြည်မကြီးကို အဲဒီအချက်အလက်တွေ ပြန်သယ်သွားပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ဒါပေမဲ့ အန်းဝိန်ရှန်းရဲ့ သုတေသန အချက်အလက်တွေကိုလုယူချင်တဲ့ ရန်သူတွေဟာ ပြည်တော်ပြန်တဲ့ လမ်းတစ်ခရီးတစ်လျှောက်မှာတစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့တာမို့ ပြည်သူ့လုံခြုံရေးဌာနကကျိသန်းယန်ကို ကာကွယ်ပြီး ပြည်မကြီးဆီ ပြန်ခေါ်လာဖို့ဖန်ဟုန်မိန် (Peng Xiao Ran) ကို တာဝန်ပေးခဲ့ပါတယ်အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ကျိသန်းယန်နဲ့ ဖန်ဟုန်မိန်တို့ ပြည်မကြီးကို ပြန်ရောက်လာခဲ့ကြပြီးပြည်တွင်းက နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်တဲ့ရေစစ်ယူရေးစီမံကိန်းကို ကျိသန်းယန်က ဦးစီးပြီး လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ်အဲဒီနောက်မှာ ရန်သူ့ဘက်က သူလျိုတွေဟာ ကျိသန်းယန်ဦးဆောင်တဲ့ကျွမ်းကျင်သူပညာရှင်အဖွဲ့ကို အမျိုးမျိုးလုပ်ကြံဖို့ ကြိုးစားလာကြပါတော့တယ်ရန်သူတွေကို ဦးဆောင်တဲ့ နောက်ကွယ်က ရွှယ်လန် ဆိုသူဟာဘယ်သူလဲဆိုတာကို ဖန်မိန်ဟုန်တို့ ပြည်သူ့လုံခြုံရေးအဖွဲ့က ဖော်ထုတ်နိုင်ပါ့မလားကျိသန်းယန်ကရော သူ့ကို သတ်ချင်တဲ့သူတွေအများကြီးကြားကနေစီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားကျိသန်းယန်၊ ဖန်ဟုန်မိန်နဲ့ သူနာပြုဆရာမလေး ပိုင်ဟွေ့ဟာသူငယ်ချင်းတွေ ဖြစ်လာခဲ့ပေမဲ့ ပိုင်ဟွေ့ရဲ့ အဖေ ဒေါက်တာပိုင်ရဲ့ သရုပ်မှန်ဟာသံသယဝင်စရာကောင်းလာတဲ့အခါ သူတို့ ၃ ယောက်ကြားကသူငယ်ချင်းသံယောဇဥ်က ဆက်ပြီး တည်မြဲနိုင်ပါဦးမလားရွှယ်လန်ကရော ဒေါက်တာပိုင် ကိုယ်တိုင်ပဲ ဖြစ်နေမလားဆိုတာတော့ဒီဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်အားပေးကြပါဦး