Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animatioအနေနဲ့ထွက်လာတာပါ။ ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာလေးက တောင်ပံလေးတစ်ချက် ခတ်လိုက်တာပဲ…ဒါပေမယ့် ကမ္ဘာဟိုဘက်ခြမ်းမှာတော့ လေဆင်နှာမောင်းပါ တိုက်သွားတယ်ဆိုတဲ့ “Butterfly effect”ဆိုတာကို ကြားဖူးကြသလားဗျ။ “အကယ်၍များ” ဒီလိပ်ပြာလေး တောင်ပံမခတ်ခဲ့ရင်၊ “အကယ်၍များ” ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့် ကိုယ့်ရဲ့လုပ်ဆောင်မှုသေးသေးလေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုးလူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ “အကယ်၍များ” ဆုံးဖြတ်ချက်တစ်ခုကြောင့်Marvel Universe တစ်ခုလုံး ကပေါက်တိကပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား ဇာတ်ကောင်တွေပြောင်းလဲကုန်ရင်၊ အပြိုင် Worldအသစ်တွေ၊ Multiverse အသစ်တွေ ထွက်ပေါ်လာရင်….စသဖြင့် မရေမတွက်နိုင်တဲ့ဖြစ်နိုင်ခြေတွေ၊ Timelineအသစ်၊ Universeအသစ်တွေကို ချပြသွားမယ်Marvelရဲ့ Brand New Animation seriesအသစ် ” What if….? ” ထွက်ရှိလာပါပြီ။